M319E547KC319MT319

စိတ်နှလုံး၏ တောင့်တရာသည်

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်ကိုချစ်ခြင်း

21

Verse 1

စိတ်နှလုံး၏ တောင့်တရာသည်

ယေရှုသာလျှင် နားခိုခြင်း

သခင်ထံ စိတ်နှလုံးပေးအပ်

ကိုယ်တော်ကိုသာ ချစ်ဆုံးဖြစ်။

Verse 2

လောကကို စွန့်လွှတ်ကျောခိုင်းမည်

ယေရှုကိုသာ ချစ်ဆုံးဖြစ်

ရာအားလုံးထက် လှပကိုယ်တော်

ကိုယ်တော်သာ ဝမ်းမြောက်ရာဖြစ်။

Verse 3

တောက်ပဆုံးရောင်ခြည်တော်ထွန်းလင်း

မျက်နှာတော်၏ဘုန်းတော်ဖြစ်

ချိုမြိန်ချစ်ဖွယ် နူးညံ့ကိုယ်တော်

ကျေးဇူးကရုဏာ ပြည့်ဝ။

Verse 4

ငြင်းပယ်ခဲ့လည်း ကိုယ်တော်ချစ်မူ

ဖိုးထိုက်သွေးတော် သွန်းလောင်းခဲ့

ကိုယ်တော်သည် ထာဝရချစ်နေ

ကျွန်ုပ်လည်း ကိုယ်တော်ကိုချစ်။

Verse 5

စိတ်နှလုံးကို သစ္စာရှိစေ

မြေကြီးဆိုင်ရာ သက်တာ၌

ဘုန်းတော်ကို ထွန်းလင်းစေမူပါ

ထံတော်၌ သက်တာပေးအပ်။

Hymn details

စာသား: Gerhardt Tersteegen, Translated by Frances Bevan

သံစဉ်: John Stainer

Meter: 8.7.8.7.

Key: A Major

Time: 4/4

Audio