ကိုယ်တော့်မေတ္တာတော် ပေးဝေမှု
ခမည်းတော်ကို ကိုးကွယ်ခြင်း - မေတ္တာတော်
Verse 1
ကိုယ်တော့်မေတ္တာတော် ပေးဝေမှု
စိတ်နှလုံးကျေးဇူးတင်
အဖဘုရားကို ဝတ်ပြုမည်
ကိုယ်တော့်ကို ချီးမွမ်းမည်။
Verse 2
ကိုယ်တော်စိတ်နှလုံးတော် ဖွင့်ပြ
အလိုတော် သိစေပြီ
သားတော်၌ ကိုယ်တော်ဆင်းကြွလာ
ကြံစည်တော်ပြည့်စုံစေ။
Verse 3
ချစ်သားတော်ကို စွန့်တော်မူခဲ့
မေတ္တာ၌ သေခံရှာ
သားများစွာ ကျွန်ုပ်တို့ဖြစ်ရန်
အမွေတော်လက်ခံရန်။
Verse 4
ကိုယ်တော်ဖြင့် ဘုရားသက်ရပြီ
ကိုယ်တော်သည် ခမည်းတော်
ကိုယ်တော်နှင့် သဘောသဘာဝ
ကျွန်ုပ်တို့ထဲ ဖြည့်ပေး။
Verse 5
ကျွန်ုပ်တို့၌ ဝိညာဉ်တော်ရှိ
အဖဟုခေါ်စေပြီ
ဝိညာဉ်တော်ဖြင့် မွေး၊ တံဆိပ်ခတ်
ပုံသဏ္ဌာန်ပြောင်းလဲပြီ။
Verse 6
ဘုရားသားများ ဘုန်းထင်ရှားဘို့
ကိုယ်တော်၏ပန်းတိုင်ဖြစ်
သားတော်နှင့်သဏ္ဌာန်တော်တူဖို့
ပုံသဏ္ဌာန်ပြောင်းလဲပေး။
Verse 7
ပုံသဏ္ဌာန်ပြောင်းလဲပေးခြင်းဖြင့်
လူတိုင်းကို ဦးဆောင်နေ
ဘုန်းတော်မှ ဘုန်းတော်သို့ခေါ်ဆောင်
အမှုတော်ပြီးသည့်တိုင်။
Verse 8
ခမည်းတော်မေတ္တာပေးဝေမှု
ထာဝရကျေးဇူးတင်
ကိုယ်တော့်ကို စဉ်ဆက်ဝတ်ပြုမည်
မခြားမလပ်ချီးမွမ်း။
Hymn details
စာသား: Witness Lee
သံစဉ်: Henry Stephen Cutler
Meter: 8.6.8.6.
Key: Ab Major
Time: 4/4
Audio