ယေရှုရှင်၊ နေမင်း၊ ဒိုင်းလွှား၊
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — အရာခပ်သိမ်းဖြစ်ခြင်း
Verse 1
ယေရှုရှင်၊ နေမင်း၊ ဒိုင်းလွှား၊
အစဉ်နေမင်း၊ ဒိုင်းလွှား
အစဉ်ထွန်းလင်း၊ ရပ်ဆိုင်းကင်း၊
အစဉ်စောင့်ထိန်းပေးနေ
ခြေလှမ်း၌ ရွှင်လန်းစေပါ၊
ကြွလာကာစောင့်ထိန်းမူပါ။
Verse 2
ယေရှုရှင်၊ မုန့်၊ စပျစ်ရည်
အစဉ်မုန့်၊ စပျစ်ရည်
အစဉ်ကျွေးမွေး၊ ရပ်ဆိုင်းကင်း၊
အစဉ်လန်းဆန်းပေးနေ
ကောင်းကင်မုန့်နှင့် စပျစ်ရည်၊
အစဉ်တိုက်ကျွေးတော်မူပါ။
Verse 3
ယေရှုရှင်၊ မေတ္တာ၊ အသက်
အစဉ်မေတ္တာ၊ အသက်
အစဉ်သက်ရှင်၊ ရပ်ဆိုင်းကင်း၊
အစဉ်ချစ်တော်မူ၏
အသက်၊ မေတ္တာ၊ ရာအားလုံး၊
ကိုယ်တော်၌ အစဉ်ရှိပြီ။
Verse 4
ယေရှုရှင်၊ နေမင်း၊ ဒိုင်းလွှား၊
အစဉ်ဝမ်းမြောက်၊ ငြိမ်သက်၊
ဝမ်းမြောက်ခြင်း၊ ပြောင်းလဲခြင်းကင်း၊
အစဉ်တည်ငြိမ်သက်ခြင်း
ကိုယ်တော်၌ ဝမ်းမြောက်၊
ငြိမ်သက်၊ ထာဝရအစဉ်တည်ရှိ။
Verse 5
ယေရှုရှင်၊ သီချင်း၊ ခွန်အား၊
အစဉ်သီချင်း၊ ခွန်အား၊
ခွန်အားသည် ပျက်စီးခြင်းကင်း၊
အစဉ်ချီးမွမ်းသီချင်း
ကျွန်ုပ်တို့ ခွန်အား၊ သီချင်း၊
ထာဝရကာလတိုင် ဆို။
Hymn details
စာသား: Horatius Bonar
သံစဉ်: E. Moss
Meter: 7.6.7.6.7.7.
Key: C Major
Time: 4/4
Audio