M298E510KC298MT298

အတုမရှိ ဘုရားတွေ့ပြီ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — အရာခပ်သိမ်းဖြစ်ခြင်း

21

Verse 1

အတုမရှိ ဘုရားတွေ့ပြီ

ဝမ်းမြောက်သီချင်းဆိုမည်

ခရစ်တော်ကို ကျွန်ုပ်ချီးမွမ်း

ကျွန်ုပ်၌ ကိုယ်တော်ရှိ။

Verse 2

ခရစ်တော်သည် ဘုရားသိုးငယ်

ကယ်တင်ခြင်းကိုယူဆောင်

ဖြောင့်မတ်ခြင်း၏နေမင်းဖြစ်သည်

အတောင်တော်ရောဂါငြိမ်း။

Verse 3

ခရစ်တော်သည် ငါ့အသက်ပင်

အသီးချိုသာကြွယ်ဝ

ဆာငတ်ခြင်းကို ပြေပျောက်စေပြီ

ကိုယ်တော်ကို နေ့စဉ်စား။

Verse 4

ခရစ်တော်သည် ရိုက်ခြင်းခံကျောက်

အသက်ရေ စီးထွက်စေ

စိတ်နှလုံး၌ စမ်းရေတွင်းတည်

ရေငတ်ခြင်းကင်းပျောက်စေ။

Verse 5

ကိုယ်တော်သည် လမ်း၊ အသက်၊ အလင်း

နှစ်သိမ့်ခြင်း၊ ကျန်းမာခြင်း

ငြိမ်သက်၊ နားခို၊ ဝမ်းမြောက်၊ မျှော်လင့်

ကျွန်ုပ်၏ချမ်းသာဘုန်း။

Verse 6

ခရစ်တော်သည် ပညာ၊ တန်ခိုး

ဝါကြွားခြင်း၊ ဖြောင့်မတ်ခြင်း

ကျွန်ုပ်အောင်ခြင်းနှင့် ရွေးနုတ်ခြင်း

သမ္မာတရား၊ သန့်ရှင်း။

Verse 7

ခရစ်တော် ကယ်တင်ရှင်၊ သိုးထိန်း

လျှောက်လဲပေးသောရှေ့နေ

တိုင်ပင်ဖက်၊ အဖ၊ ဘုရားရှင်

ညီကို၊ မိတ်ဆွေ၊ မေတ္တာ။

Verse 8

ခရစ်တော်သည် ဦးဆောင်၊ အစောင့်

ဆရာ၊ လမ်းပြအရှင်

သတို့သား၊ သခင်၊ ဦးခေါင်းတော်

ကျွန်ုပ်၌ ကိန်းဝပ်ရှင်။

Verse 9

ခရစ်တော် ပရောဖက်၊ ဘုရင်

ပြည့်စုံပရောဖက်ပြု

လူနှင့်ဘုရားကြားပုရောဟိတ်

အုပ်စိုးသောရှင်ဘုရင်။

Verse 10

ခရစ်တော်သည် ယုံကြည်ခြင်းဖြစ်

ပြည့်ဝစုံလင်အရှင်

ကြားဖြန်ဖြေသူ၊ အာမခံသူ

သစ္စာပြည့်သက်သေထူ။

Verse 11

ခရစ်တော်သည် ကျွန်ုပ်အိမ်တော်

ကြွယ်ဝပြည့်စုံသောပြည်

ခံတပ်၊ ရဲတိုက်၊ လုံခြုံနေရာ

ထာဝရရပ်တည်ရာ။

Verse 12

ခရစ်တော် ဥပုသ်၊ ဆန်းစလ

နံနက်ခင်းနှင့်နေ့ရက်

ကျွန်ုပ်အသက်နှင့်ထာဝရ

ဘယ်ခါမျှ မကုန်ဆုံး။

Verse 13

ခရစ်တော်သည် ကိုးစား၊ ဆန္ဒ

တင့်တယ်ပြည့်စုံလင်လှ

ကျွန်ုပ်နှစ်သိမ့်ခြင်း၊ အားရခြင်း

ကျွန်ုပ်လိုအင်ဖြည့်ရှင်။

Verse 14

ခရစ်တော်သည် အလုံးစုံရှင်

မည်သို့ခေါ်ဆိုမည်နည်း

ပထမနှင့်နောက်ဆုံးဖြစ်အင်

အလုံးစုံပြည့်စုံရှင်။

Verse 15

ဤဖိုးထိုက်ဘဏ္ဍာပိုင်ဆိုင်ရ

ဝမ်းမြောက်သီချင်းဆိုမည်

ထပ်၍ထပ်၍ ချီးမွမ်းပါမည်

ခရစ်တော်ကို ပိုင်ဆိုင်။

Hymn details

စာသား: Witness Lee, Adapted from J. Mason

သံစဉ်: May Chenevix-Trench

Meter: 8.6.8.6.

Key: D Major

Time: 3/4

Audio