ဘုန်းတော်၌ လူသားရှိနေ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — အသက်
Verse 1
ဘုန်းတော်၌ လူသားရှိနေ
သက်တော်ကျွန်ုပ်တွက်
ကိုယ်တော်သန့်ရှင်း၊ စင်ကြယ်
အောင်မြင်၍ လွတ်လပ်
ပညာတော်၊ ချစ်ဖွယ်ကောင်း
မည်မျှကြင်နာလှ
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်အသက်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်အသက်။
Verse 2
ဘုန်းတော်၌ လူသားရှိနေ
သက်တော်ကျွန်ုပ်တွက်
စာတန်ကို အောင်မြင်ခဲ့
ချည်နှောင်ခြင်းမှလွတ်
အသက်၌ စိုးစံနေ
ကိုယ်တော်သည် ဘုရင်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်အသက်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်အသက်။
Verse 3
ဘုန်းတော်၌ လူသားရှိနေ
သက်တော်ကျွန်ုပ်တွက်
ကိုယ်တော်၌ ဖျားနာကင်း
အားနည်းခြင်းမရှိ
ကိုယ်တော်သည် ခွန်အားကြီး
မည်မျှတက်ကြွရှင်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်အသက်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်အသက်။
Verse 4
ဘုန်းတော်၌ လူသားရှိနေ
သက်တော်ကျွန်ုပ်တွက်
ငြိမ်သက်ခြင်းအရှင်ဖြစ်
သည်းခံခြင်းဖြစ်၏
ဝမ်းမြောက်ခြင်း၊ ဘုန်းရောင်ခြည်
ဖူးတွေ့ရန် မျှော်လင့်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်၌ရှင်
ဘုန်းတော်၌ အသက်တော်
ကျွန်ုပ်၌ရှင်။
Hymn details
စာသား: Mary E. McDonough, "K" in Rippon's Selection of Hymns
သံစဉ်: John Wade's Cantus Diversi
Meter: Peculiar Meter
Key: Ab Major
Time: 4/4
Audio