M293E503KC293MT293

ကယ်တင်ရှင်ကိုအစေခံ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း — အသက်

21

Verse 1

ကယ်တင်ရှင်ကိုအစေခံ

ယနေ့ကိုယ်တော်ရှိနေ

လူများမည်သို့ပြောဆိုစေ

ကိုယ်တော်အမှန်သက်ရှင်

ကရုဏာတော်မြင်ရကြ

ရွှင်လန်းသံတော်ကြားရ

ကိုယ်တော်ကို အမှန်လိုအပ်

ကိုယ်တော်နီးမူ။

chorus

သက်ရှင်၊ သက်ရှင်၊ ခရစ်ယေရှုသက်ရှင်

ကျွန်ုပ်နှင့်လျှောက်လှမ်း၊ စကားပြော

ကျဉ်းမြောင်းရာလမ်းတစ်လျှောက်

သက်ရှင်၊ သက်ရှင်၊ ကယ်တင်ခြင်းဖြည့်သွင်းပေး

မည်သို့သက်ရှင်ကြောင်းသင်မေးသော်

စိတ်နှလုံးထဲ သက်ရှင်။

Verse 2

လောကတစ်ခွင်လုံးကြည့်သော်

မေတ္တာတော်မြင်ရ၏

စိတ်နှလုံးမောပန်းသော်လည်း

မျှော်လင့်ချက်မပျက်သုဉ်း

မုန်တိုင်းများပြင်းထန်သော်လည်း

ကိုယ်တော်သည် ဦးဆောင်နေ

ကိုယ်တော်ထင်ရှားပေါ်လွင်ခြင်း

ကြွလာတော့မည်။

chorus

သက်ရှင်၊ သက်ရှင်၊ ခရစ်ယေရှုသက်ရှင်

ကျွန်ုပ်နှင့်လျှောက်လှမ်း၊ စကားပြော

ကျဉ်းမြောင်းရာလမ်းတစ်လျှောက်

သက်ရှင်၊ သက်ရှင်၊ ကယ်တင်ခြင်းဖြည့်သွင်းပေး

မည်သို့သက်ရှင်ကြောင်းသင်မေးသော်

စိတ်နှလုံးထဲ သက်ရှင်။

Verse 3

ခရစ်ယာန်များ ဝမ်းမြောက်လော့

အသံလွင့်ချီးမွမ်းလော့

ထာဝရ ဟာလေလုယာ

ယေရှုခရစ်ဘုရင်

ရှာဖွေသူ၏ မျှော်လင့်ခြင်း

မစပေးသောအရှင်

ခြားရာ ချစ်ဖွယ်၊ ကြင်နာဖွယ်

မကောင်းမြတ်ပါ။

chorus

သက်ရှင်၊ သက်ရှင်၊ ခရစ်ယေရှုသက်ရှင်

ကျွန်ုပ်နှင့်လျှောက်လှမ်း၊ စကားပြော

ကျဉ်းမြောင်းရာလမ်းတစ်လျှောက်

သက်ရှင်၊ သက်ရှင်၊ ကယ်တင်ခြင်းဖြည့်သွင်းပေး

မည်သို့သက်ရှင်ကြောင်းသင်မေးသော်

စိတ်နှလုံးထဲ သက်ရှင်။

Hymn details

စာသား: Alfred Henry Ackley

သံစဉ်: Alfred Henry Ackley

Meter: Peculiar Meter

Key: Ab Major

Time: 6/8

Audio