M275E477KC275MT275

ဗက်လင်၌ ခရစ်တော်

ခရစ်တော်နှင့်ပေါင်းစည်းခြင်း - ကိုယ်တော်နှင့်တစ်လုံးတစ်ဝရှိခြင်း

21

Verse 1

ဗက်လင်၌ ခရစ်တော်

တစ်ထောင်ကြိမ်ဖွားမြင်လည်း

သင်၌ မမွေးဖွားလျှင်

သင့်စိတ်သည် အထီးကျန်

ဂေါလဂေါသကားတိုင်

သင့်စိတ်ကို မကယ်နိုင်

စိတ်နှလုံး၌ ကားတိုင်

သင့်ကို လုံးလုံးကယ်နိုင်။

chorus

ခရစ်တော်၏ကားတိုင်တော်

စိတ်နှလုံးထဲယူဆောင်

သင့်အတ္တသည် သေခံဆုံးသတ်

အသက်တော်ဖြင့် သင်ထမြောက်။

Verse 2

သင်ချစ်သော အရာတွက်

သင့်ဖြစ်ခြင်း ရပ်တည်၏

ဘုရားချစ်၊ ဘုရားတွက်

မြေမှုန့်ချစ်၊ မြေမှုန့်တွက်

သင်ထွက်ခွါ၊ ဘုရားဝင်

သင်သေခံ၊ ကိုယ်တော်ရှင်

သင်မဟုတ်၊ ကိုယ်တော်သာ

ခပ်သိမ်းကိုယ်တော်မစ။

chorus

ခရစ်တော်၏ကားတိုင်တော်

စိတ်နှလုံးထဲယူဆောင်

သင့်အတ္တသည် သေခံဆုံးသတ်

အသက်တော်ဖြင့် သင်ထမြောက်။

Verse 3

ဘုရားထံ သင်ရောက်ရန်

မေတ္တာသာ ဖြတ်လမ်းဖြစ်

အသိဉာဏ် ဦးဆောင်လျှင်

တောလည်မည် အမှန်ပင်

လောကမှ ခေါ်ထုတ်ခံ

စိတ်နှလုံး၌ဖြည့်ခံ

မေတ္တာတော်အပြည့်ဖြည့်

ကိုယ်တော်နည်းတူသန့်ရှင်း။

chorus

ခရစ်တော်၏ကားတိုင်တော်

စိတ်နှလုံးထဲယူဆောင်

သင့်အတ္တသည် သေခံဆုံးသတ်

အသက်တော်ဖြင့် သင်ထမြောက်။

Hymn details

စာသား: Unknown, Albert Benjamin Simpson

သံစဉ်: Margaret Mae Simpson

Meter: 6.6.6.6.D.with chorus.

Key: Ab Major

Time: 6/8

Audio