M274E475KC274MT274

ထာဝရသားတော်နှင့်အတူ

ခရစ်တော်နှင့်ပေါင်းစည်းခြင်း - ကိုယ်တော်နှင့်တစ်လုံးတစ်ဝရှိခြင်း

21

Verse 1

ထာဝရသားတော်နှင့်အတူ

ယုံကြည်ခြင်းဖြင့် တစ်ဝိညာဉ်

ကိုယ်တော်နှင့်အတူအသေခံ

အသက်တော်မျှဝေရပြီ

ချစ်သားတော်နှင့်တစ်လုံးတစ်ဝ

ကျေးဇူးတော်ဖြင့် အင်္ဂါတော်ဝင်

ကိုယ်တော်နှင့်အတူ အမွေခံ

ကျွန်ုပ်၌ ဝိညာဉ်တော်ကျိန်း။

Verse 2

သားတော်သည် လူ့ဇာတိခံယူ

လူသားနှင့်အတူ မွေးဖွား

ခန္ဓာတော်ဝင်များကျွန်ုပ်တို့

မြေကြီးပေါ် ခေတ္တမှီခို

ဘိသိက်ခံသားတော်နှင့်အတူ

ဝိညာဉ်တော်တန်ခိုးမျှဝေ

ပြည့်ဝစုပေါင်းခြင်း၌ရှိပြီ

ချိန်တိုင်းကိုယ်တော်နှင့်လုပ်ဆောင်။

Verse 3

သားတော်နှင့်အတူစွန့်ပစ်ခံ

စီရင်ခြင်း၊ ကျိန်ခြင်းခံရ

အပြစ်သည် ထာဝရသေပြီ

ငရဲသည် ခြေအောက်သို့ရောက်

ကိုယ်တော်နှင့်အတူ ထမြောက်ပြီ

သေခြင်းသည် မတားနိုင်ပြီ

ဖန်ဆင်းခြင်းအသစ်၌ သက်ရှင်

ဖြောင့်မတ်ခြင်းအသီးသီးမည်။

Verse 4

ကိုယ်တော်နှင့်အတူ တက်ကြွပြီ

ပလ္လင်တော်ပေါ် အတူထိုင်

အခွင့်အာဏာတော်မျှဝေကာ

ကိုယ်တော်နှင့်အတူ စိုးစံ

သားတော်နှင့်အတူ ပြန်ကြွလာ

ကိုယ်တော်နှင့်အတူ ဘုန်းထွန်း

ကိုယ်တော်၏လှပခြင်းထင်ရှား

ကိ်ုယ်တော်နှင့် စဉ်ထာဝရ။

Hymn details

စာသား: Watchman Nee

သံစဉ်: Wolfgang Amadeus Mozart, Arranged by Hubert Platt Main

Meter: 8.7.8.7.D.

Key: Ab Major

Time: 4/4

Audio