ဇာတိလူ၌ ကျွန်ုပ်သက်တာ
တောင့်တခြင်းများ - ကရုဏာအတွက်
Verse 1
ဇာတိလူ၌ ကျွန်ုပ်သက်တာ
ခွန်အားရှိကြောင်း ထင်မှတ်ခံစား
ကျွန်ုပ်ဖြစ်ခြင်း၊ ကျွန်ုပ်မသိ
မည်မျှအားနည်း။
Verse 2
လောကသက်တာ ကျွန်ုပ်ရှိစဉ်
မည်မျှကျဆင်း၊ အာရုံမရ
စိတ်အားပြင်းထန် ရန်တွေ့နေခဲ့
ရှေ့သို့ တက်လှမ်း။
Verse 3
ကျွန်ုပ်အတွင်း မှောင်မိုက်အတိ
အခြေအနေ၊ မမြင်နိုင်ခဲ့
ထူးမြတ်ကြောင်းသာ ထင်မှတ်နေခဲ့
၀ါကြွားအိပ်မက်။
Verse 4
ကိုယ်တော်ထံသို့ ကျွန်ုပ်ရောက်လာ
အလင်းတော်ဖြင့် စစ်ဆေးဖော်ထုတ်
ဖုံးကွယ်ခံရာ မြင်လာရပြီ
အတ္တပေါ်လာ။
Verse 5
ရောင်ခြည်တော်ဖြင့် ထိုးဖောက်ခြောက်သွေ့
ကျွန်ုပ်ခွန်အား အရည်ပျော်သွား
အတ္တအရာ မြေမှုန့်ဖြစ်ရာ
ဒူးထောက်ပါပြီ။
Verse 6
မာန်မာနသည် မျက်ကန်း၊ မိုက်မဲ
ကျွန်ုပ်စိတ်သည် လွန်ခိုင်မာခဲ့
စိတ်နှလုံးမိုက်၊ အတ္တကျေနပ်
သက်ရှင်ခဲ့ရာ။
Verse 7
ထောင်လွှားစရာ၊ အကြောင်းမရှိ
သေနေခြင်းသည် အင်္ဂါမဟုတ်
ရှက်ဖွယ်ရာဖြစ် နောင်တရစေ
မည်သို့ဆုတောင်း။
Verse 8
စီရင်ခြင်းမှ သွေးတော်ကယ်တင်
အမျက်တော်မှ သက်တော်လွတ်စေ
ဆင်းရဲခြင်း၌ မည်မျှညစ်ညူး
ကျွန်ုပ်ဖြစ်အင်။
Verse 9
ဆုတောင်းလို၏၊ ယုံကြည်ခြင်းနည်း
ကျွန်ုပ်အားနည်း၊ ကိုယ်တော့်ကိုရှာ
စိတ်နှလုံးကို အသစ်ပြုပြင်
ကရုဏာတော်။
Hymn details
Key: D Minor
Audio