M242E429KC242MT242

ကျွန်ုပ်ခိုလှုံအရှင်

တောင့်တခြင်းများ - ကျေးဇူးတော်အတွက်

21

Verse 1

ကျွန်ုပ်ခိုလှုံအရှင်

ကယ်တင်ပိုင်သောသခင်

သနားတော်မူ၊

ဆုတောင်းသံ နားညောင်းပါ

အပြစ်မှ လွတ်စေပါ

ယနေ့ ကိုယ်တော်ထံသို့

လုံးလုံး အပ်နှံ။

Verse 2

ကြွယ်ဝကျေးဇူး မျှဝေ

စိတ်နှလုံး အားရှိစေ

နှိုးဆော်မူပါ၊

ကျွန်ုပ်တွက် သေခံမူ

ကိုယ်တော်ကို ကျွန်ုပ်ချစ်

ဖြူစင်၊ နွေးထွေး တည်မြဲ

သက်ရှင်သောမီး။

Verse 3

ဤလူ့ဘုံတွင်နေစဉ်

ဆင်းရဲတွေ့ကြုံရလျှင်

လမ်းညွှန်တော်မူ

မှောင်မိုက်ခြင်း လင်းစေပါ

ဝမ်းနည်းမျက်ရည် သုတ်ပေး

ကိုယ်တော်နှင့် လျင်းမကွာ

စောင့်ထိန်းတော်မူ။

Verse 4

အသက်ဆုံးရသောခါ

သေခြင်းမြစ်ကမ်းရောက်မှ

ပို့ဆောင်တော်မူ

မေတ္တာတော် ကောင်းချီးပေး

စိုးရိမ်ခြင်းများနှင့်ကင်း

စိတ်ကို သဏ္ဌာန်ပြောင်းလဲ

ကျေးဇူးသက်သေ။

Hymn details

Key: D Major

Audio