ငါ့ယုံကြည်ခြင်းနားခိုရာတွေ့
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ဘုရားမစမှုဖြင့် လုံခြုံ
Verse 1
ငါ့ယုံကြည်ခြင်းနားခိုရာတွေ့
ရုပ်၊ ဝါဒ၌ မဟုတ်
သက်ရှင်သခင်ကို ကိုးစား၏
ဒဏ်ချက်ရာ ကျွန်ုပ်တွက်။
chorus
အခြားငြင်းဖွယ်ရာမရှိပြီ
လျှောက်လဲချက်မရှိပြီ
ယေရှုသေခံ၊ လုံလောက်ပြည့်စုံ
ကျွန်ုပ်တွက် သေခံပြီ။
Verse 2
ယေရှုကယ်တင်၊ လုံလောက်ပြည့်စုံ
စိုးရိမ်၊ သံသယကင်း
ပြစ်သားကျွန်ုပ်၊ ထံတော်သို့လာ
ကျွန်ုပ်ကို စွန့်မထား။
chorus
အခြားငြင်းဖွယ်ရာမရှိပြီ
လျှောက်လဲချက်မရှိပြီ
ယေရှုသေခံ၊ လုံလောက်ပြည့်စုံ
ကျွန်ုပ်တွက် သေခံပြီ။
Verse 3
ငါ့စိတ်နှလုံး နှုတ်တော်ပေါ်မှီ
ရေးသားနှုတ်ကပတ်တော်
ကယ်တင်နာမဖြင့် ကယ်တင်ခံ
သွေးတော်ဖြင့် ကယ်တင်ပေး။
chorus
အခြားငြင်းဖွယ်ရာမရှိပြီ
လျှောက်လဲချက်မရှိပြီ
ယေရှုသေခံ၊ လုံလောက်ပြည့်စုံ
ကျွန်ုပ်တွက် သေခံပြီ။
Verse 4
သမားတော်ကြီး ရောဂါငြိမ်းပေး
ပျောက်သောသူကို ကယ်တင်
ကျွန်ုပ်တွက် သွေးတော်သွန်းလောင်းခဲ့
သက်တော်ကို စွန့်ခဲ့ပြီ။
chorus
အခြားငြင်းဖွယ်ရာမရှိပြီ
လျှောက်လဲချက်မရှိပြီ
ယေရှုသေခံ၊ လုံလောက်ပြည့်စုံ
ကျွန်ုပ်တွက် သေခံပြီ။
Hymn details
စာသား: Lidie H. Edmunds
သံစဉ်: Norse Air, Arranged by William James Kirkpatrick
Meter: 8.6.8.6.D.
Key: G Major
Time: 3/4
Audio