ငါ့သက်တာ ပင်ပန်းခြင်းနှင့်ပြည့်
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ခရစ်တော်နှင့်ကျေနပ်နှစ်သိမ့်ခြင်း
Verse 1
ငါ့သက်တာ ပင်ပန်းခြင်းနှင့်ပြည့်
ခြောက်သွေ့ခြင်း အေးမြစေရန်
အတွင်းမှ ဆာငတ်တောင့်တမှု
ပြယ်ပျောက်ရန် မျှော်လင့်လှ၏။
chorus
ဟာလေလုယာ၊ ကိုယ်တော်ကိုတွေ့
ကိုယ်တော့်ကို တောင့်တလှ၏
တောင့်တမှုကျေနပ်စေ - ယေရှု
အသက်တော်ဖြင့် ကယ်တင်ခံ။
Verse 2
ပတ်ဝန်းကျင် အရာများဆက်ဆံ
ခွန်အားများ ကုန်ခန်းလုနီး
သာလွန်၍ ကောင်းမြတ်ရာတောင့်တ
ဆာငတ်မှု အစဉ်ရှိနေ။
chorus
ဟာလေလုယာ၊ ကိုယ်တော်ကိုတွေ့
ကိုယ်တော့်ကို တောင့်တလှ၏
တောင့်တမှုကျေနပ်စေ - ယေရှု
အသက်တော်ဖြင့် ကယ်တင်ခံ။
Verse 3
ဆင်းရဲသား၊ ကြွယ်ဝမှုကိုရှာ
ကျေနပ်မှု အစဉ်ရှာဖွေ
စုဆောင်းရာ မြေမှုန့်များသာဖြစ်
ငါ့စိတ်သည် ဝမ်းနည်းငိုကြွေး။
chorus
ဟာလေလုယာ၊ ကိုယ်တော်ကိုတွေ့
ကိုယ်တော့်ကို တောင့်တလှ၏
တောင့်တမှုကျေနပ်စေ - ယေရှု
အသက်တော်ဖြင့် ကယ်တင်ခံ။
Verse 4
သက်စမ်းရေ အစဉ်စီးဆင်းနေ
အသက်မုန့်၊ ကြွယ်ဝ၊ လွတ်လပ်
ကြွယ်ဝမှု မကုန်ခန်းနိုင်ပြီ
ငါ့အဖို့ ငါ့ရွေးနုတ်ရှင်။
chorus
ဟာလေလုယာ၊ ကိုယ်တော်ကိုတွေ့
ကိုယ်တော့်ကို တောင့်တလှ၏
တောင့်တမှုကျေနပ်စေ - ယေရှု
အသက်တော်ဖြင့် ကယ်တင်ခံ။
Hymn details
စာသား: Miss Clara Tear Williams
သံစဉ်: Ralph Erskine Hudson
Meter: 8.7.8.7.D.
Key: Eb Major
Time: 3/4
Audio