ကယ်တင်ရှင်သွေးတော် စိတ်ဝင်စား
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ခရစ်တော်၌ဖြောင့်မတ်ခြင်း
Verse 1
ကယ်တင်ရှင်သွေးတော် စိတ်ဝင်စား
ကျွန်ုပ်အမြတ်ရနိုင်မလား
မည်သူသည် နာကျင်စေသနည်း
ကျွန်ုပ်တွက် မည်သူသေခံနည်း
အံ့ဘွယ်မေတ္တာ မည်သို့သိနိုင်
ကျွန်ုပ်တွက် ကိုယ်တော်သေခံလား
အံ့ဘွယ်မေတ္တာ မည်သို့သိနိုင်
ကျွန်ုပ်တွက်ဘုရား သေခံလား။
Verse 2
ဤနက်နဲခြင်း သေခြင်းကင်းစေ
ကိုယ်တော်ကြံစည် မည်သူသိနည်း
မာရ်နတ်ဆိုးသည် ချည်းနှီးကြိုးစား
ဘုရားမေတ္တာ ကြွေးကြော်ကြစို့
မြေကြီးသားအပေါင်း ကိုးကွယ်ကုန်
ရန်သူမာရ်နတ်ကဲ့သို့မပြု
မြေကြီးသားအပေါင်း ကိုးကွယ်ကုန်
ရန်သူမာရ်နတ်ကဲ့သို့မပြု။
Verse 3
ခမည်းတော်၏ပလ္လင်ကိုစွန့်
တိုင်းဆမရှိသောကျေးဇူးတော်
အားလုံးအတွက် ကိုယ်တော်မေတ္တာ
ကူညီမဲ့အာဒံတွက် သွေးသွန်း
ကြီးမားကရုဏာဖြင့်ပြစ်လွတ်
ကျွန်ုပ်ဘုရား ကျွန်ုပ်ကိုရှာ
ကြီးမားကရုဏာဖြင့် ပြစ်လွတ်
ကျွန်ုပ်ဘုရား ကျွန်ုပ်ကိုရှာ။
Verse 4
ကျွန်ုပ်ဝိညာဉ် ချုပ်ထားခံစဉ်
အပြစ်မှောင်မိုက်၌ ချည်နှောင်ခံ
ကိုယ်တော်မေတ္တာ ကရုဏာဖြင့်
မှောင်မိုက်မှ အလင်းဖြင့် နိုးထ
ချည်နှောင်ခံရာမှ လွတ်မြောက်ရ
ကိုယ်တော့်နောက်တော် ကျွန်ုပ်လိုက်မည်
ချည်နှောင်ခံရာမှ လွတ်မြောက်ရ
ကိုယ်တော့်နောက်တော် ကျွန်ုပ်လိုက်မည်။
Verse 5
စီရင်ခြင်းမခံ ကြောက်ခြင်းကင်း
ယေရှု၌ ကျွန်ုပ်ရှိနေပြီ
ကိုယ်တော်သည် ကျွန်ုပ်၏ဦးခေါင်း
ဘုရားဖြောင့်မတ်ခြင်းကို ဝတ်ဆင်
ပလ္လင်တော်သို့ ရဲရင့်တိုးဝင်
ကိုယ်တော်ဖြင့် သရဖူထိုက်တန်
ပလ္လင်တော်သို့ ရဲရင့်တိုးဝင်
ကိုယ်တော်ဖြင့် သရဖူထိုက်တန်။
Hymn details
စာသား: Charles Wesley
သံစဉ်: Thomas Campbell
Meter: 8.8.8.8.8.8. with repeat.
Key: G Major
Time: 4/4
Audio