လောကီပျော်မွေ့ခြင်းများ ကွယ်ပျောက်လေပြီ
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - သွေးတော်ဖြင့်သန့်ရှင်းခြင်း
Verse 1
လောကီပျော်မွေ့ခြင်းများ ကွယ်ပျောက်လေပြီ
ကျွန်ုပ်၏ပြစ်များနှင့် ကြောက်ဖွယ်ရာများ
ကျေးဇူးတော်ကြောင့် ကွယ်ပျောက်ကြောင်း သိရပြီ
ယေရှုသွေးတော်မြတ်ဖြင့် မိုးပွင့်လိုဖြူစေပြီ။
chorus
ကိုယ်တော်ကို ချစ်ပါ၏
ကိုယ်တော် ဦးစွာချစ်၍
ကားတိုင်ပေါ်တွင်
ကျွန်ုပ်ကိုကယ်သောကြောင့်ပေတည်း။
Verse 2
ရှေးက ပြစ်၌ နစ်မွန်းဆုံးရှုံးလေပြီ
ယုံမှားခြင်းနှင့် ကြောက်ခြင်းလည်း ရှိခဲ့ပြီ
မေတ္တာရှင်ဘုရား ကိုးစားရန် ကြောက်၏
သို့သော် ခုယေရှုသွေးတော်ဖြင့် ပြစ်ဆေးကြောပြီ။
chorus
ကိုယ်တော်ကို ချစ်ပါ၏
ကိုယ်တော် ဦးစွာချစ်၍
ကားတိုင်ပေါ်တွင်
ကျွန်ုပ်ကိုကယ်သောကြောင့်ပေတည်း။
Verse 3
ချည်နှောင်ခြင်းခံရသော်လည်း ခုလွတ်ပြီ
ကန်းသောမျက်စိ ယခုအလင်းမြင်ပြီ
ပြစ်၌သေ၏ ခရစ်တော်၌ရှင်ပြန်ပြီ
ကိုယ်တော်သာ ပေးနိုင်သော ငြိမ်သက်ခြင်း ကြော်ငြာမည်။
chorus
ကိုယ်တော်ကို ချစ်ပါ၏
ကိုယ်တော် ဦးစွာချစ်၍
ကားတိုင်ပေါ်တွင်
ကျွန်ုပ်ကိုကယ်သောကြောင့်ပေတည်း။
Hymn details
သံစဉ်: Stephen Collians Foster
Meter: 10.10.10.12. with chorus.
Key: C Major
Time: 4/4
Audio