M168E284KC168MT168

ထာဝရမေတ္တာဖြင့်ချစ်

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - သခင်ဘုရား၏ချစ်ခြင်း

21

Verse 1

ထာဝရမေတ္တာဖြင့်ချစ်

ကျေးဇူးတော်ဖြင့် မေတ္တာသိ

ထက်မှ ဝိညာဉ်တော်မှုတ်သွင်း

ကိုယ်တော်သွန်သင်ပြသပေး

အို စုံလင်သောငြိမ်သက်ခြင်း

ဘုရားဆိုင်ရာဖြည့်ပေးခြင်း

မေတ္တာ၌ ရပ်စဲခြင်းကင်း

ကိုယ်တော်ကို ကျွန်ုပ်ပိုင်ဆိုင်။

Verse 2

ထက်ကောင်းကင်ပြာသည် နူးညံ့

မြေကြီးသည် စိမ်းလန်းစိုပြေ

သက်ရှိများရောင်စုံရှင်သန်

ခရစ်တော်မဲ့သူ မမြင်

ငှက်များဝမ်းမြောက်တေးသံကျူး

ပန်းများဝေဆာလှပနေ

ကိုယ်တော်ကို ကျွန်ုပ်သိရ

ကိုယ်တော်ကို ပိုင်ဆိုင်ရပြီ။

Verse 3

ယခင်ကထိတ်လန့်ရာများ

ယခုနှောင့်ယှက်မဖြစ်တော့

ထာဝရလက်တော်၌ရှိ

မေတ္တာရင်ခွင်၌ခေါင်းအုံး

အို ထာဝရလဲလျောင်းမည်

သံသယ၊ အတ္တ စွန့်လွတ်

တိုးညင်းစကားသံတော်ကြား

ကိုယ်တော်ကို ကျွန်ုပ်ပိုင်ဆိုင်။

Verse 4

ကိုယ်တော်သည် ထာဝရတည်

ကိုယ်တော်၌ ကျွန်ုပ်ပါဝင်

အမြင့်ဆုံးသောနားခိုခြင်း

စိတ်နှလုံး၌မေတ္တာဖြည့်

ကောင်းကင်မြေကြီးရွေ့သွားလည်း

လင်းရောင်ခြည်မှေးမှိန်သွားလည်း

ကိုယ်တော်နှင့်အကျွန်ုပ်သည်

အပြန်အလှန်ပိုင်ဆိုင်ရ။

Hymn details

စာသား: George Wade Robinson

သံစဉ်: James Mountain

Meter: 7.7.7.7.D.

Key: Eb Major

Time: 3/2

Audio