M167E281KC167MT167

နောက်ဆုံးလိုင်းကို ထပ်ဆိုပါ

ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း - အထွေထွေ

21

Verse 1

နောက်ဆုံးလိုင်းကို ထပ်ဆိုပါ

ဝိညာဉ်တော်၊ သမ္မာတရား

ဤမြေကြီးပေါ်သို့ ကြွပါ

နှုတ်ကပတ်တော်သည် အလင်း

ဝိညာဉ်လှုပ်နှိုး၊ အမြင်ရှင်း။

Verse 2

ဝိညာဉ်တော်၊ မေတ္တာတော်ဖြစ်

စိတ်နှလုံး၌ ထွန်းလင်းပါ

စိတ်အလိုများလောင်ကျွမ်းစေ

သန့်ရှင်းမီးဖြင့် အတ္တသေ။

Verse 3

ဝိညာဉ်တော်၊ တန်ခိုးတော်ဖြစ်

ကျွန်ုပ်၌ ဖြည့်ပေးမူပါ

သို့မှကိုယ်တော်ဖြင့်သက်ရှင်

မှုတော်ကို ရဲရင့်ထမ်းဆောင်။

Verse 4

ဝိညာဉ်တော်၊ ငြိမ်သက်ခြင်းဖြစ်

စိတ်နှလုံးနားခိုခြင်းကင်း

လှုပ်ခတ်ပင်လယ်ငြိမ်စေပါ

ကိုယ်တော့်ငြိမ်သက်ခြင်း၌တည်။

Verse 5

ဝိညာဉ်တော်၊ ဝမ်းမြောက်ခြင်းဖြစ်

စိတ်နှလုံးကို ဝမ်းမြောက်စေ

ကန္တာရလမ်း၌ ချီးမွမ်း

သက်စမ်းရေတွင်း ထာဝရ။

Hymn details

စာသား: Samuel Longfellow

သံစဉ်: Henri Abraham Cesar Malan

Meter: 7.7.7.7. with repeat.

Key: F Major

Time: 2/4

Audio