နံနက်အာရုဏ်တက်သော်
သခင်ဘုရားကိုချီးမွမ်းခြင်း - အထွေထွေ
Verse 1
နံနက်အာရုဏ်တက်သော်
စိတ်တွင်ရွှင်လန်းကြွေးကြော်
ယေရှုကို ချီးမွမ်းစေ
လုပ်ကိုင်ဆုတောင်းစဉ်ခါ
ယေရှုထံသို့ပြန်လာ၊
ယေရှုကို ချီးမွမ်းစေ။
Verse 2
ကျွန်ုပ်ဘုရားထံတော်၊
ချစ်ခြင်းဖြင့် ကြွေးကြော်မည်
ယေရှုကို ချီးမွမ်းစေ၊
လှပဆုံးကျေးဇူးတော်
စိတ်နှလုံး မြဲသီကျူး
ယေရှုကို ချီးမွမ်းစေ။
Verse 3
စိတ်၌ ကြေကွဲခြင်းများ
နှစ်သိမ့်ရာကို တွေ့ပြီ
ယေရှုကို ချီးမွမ်းစေ၊
ပျော်ရွှင်ရာ ကင်းမဲ့လည်း
ကိုယ်တော်သာ ဖြေသိမ့်ရာ
ယေရှုကိုချီးမွမ်းစေ။
Verse 4
ဆိုးညစ်စဉ်းစားခြင်းများ
ကိုယ်တော်ဖြင့် ခံရပ်နိုင်
ယေရှုကို ချီးမွမ်းစေ၊
မှောင်မိုက်တန်ခိုးစိုးရွံ့
သံပြိုင်သီသံ လွှမ်းမိုး
ယေရှုကို ချီးမွမ်းစေ။
Verse 5
အိပ်စက်ချိန်ဝယ် တိတ်ဆိတ်
ဝိညာဉ်သက်ပြင်း တိုးညင်း
ယေရှုကို ချီးမွမ်းစေ၊
ညသည် နေ့သို့ဖြစ်လာ
ငါတို့နှလုံးထဲမှ
ယေရှုကို ချီးမွမ်းစေ။
Verse 6
ဤရာကျွန်ုပ်သက်တာ
ဓမ္မသီချင်းကျူးဧ
ယေရှုကို ချီးမွမ်းစေ၊
ထာဝရသီချင်းဆို
ခေတ်ကာလတလျှောက်လုံး
ယေရှုကို ချီးမွမ်းစေ။
Hymn details
စာသား: German, Translated by Edward Caswall
သံစဉ်: Joseph Barnby
Meter: 6.6.6.6.6.6.
Key: Bb Major
Time: 4/4
Audio