ချီးမွမ်း၊ ချီးမွမ်း၊ ယေရှုသည် ရွေးနုတ်ရှင်ဖြစ်၏
သခင်ဘုရားကိုချီးမွမ်းခြင်း - အထွေထွေ
Verse 1
ချီးမွမ်း၊ ချီးမွမ်း၊ ယေရှုသည် ရွေးနုတ်ရှင်ဖြစ်၏
သန့်ရှင်းသူများ၊ အံ့ဖွယ်မေတ္တာကြွေးကြော်
ကြိုဆို၊ ကြိုဆို၊ ကောင်းကင်ရှိ ကောင်းကင်တမန်များ
သန့်ရှင်းနာမတော်အား ရိုသေလေးမြတ်
သိုးထိန်းယေရှု၊ မိမိလူမျိုးအား ကျွေးမွေး
ရင်ခွင်တော်၌ လူမျိုးတော်အား သယ်ဆောင်
သန့်ရှင်းသူများ၊ မျက်မှောက်တော်အလင်း၌သက်ရှင်
ချီးမွမ်း၊ ချီးမွမ်း၊ ဝမ်းမြောက်သီချင်းဆိုလေ။
Verse 2
ချီးမွမ်း၊ ချီးမွမ်း၊ ယေရှုသည် ရွေးနုတ်ရှင်ဖြစ်၏
ကျွန်ုပ်တို့၏ အပြစ်များတွက် သေခံ
ကျွန်ုပ်တို့၏ မှီခိုကျောက်၊ မျှော်လင့်ခြင်းဖြစ်၏
ကြိုဆို၊ ကြိုဆို၊ အသေခံသောယေရှု
ချစ်ကယ်တင်ရှင်၊ နာကျင်မှု နူးညံ့သည်းခံ
ဆူးဦးရစ်ဆောင်း ရက်စက်စွာထိုးထွင်းခံ
ယခင်ငြင်းပယ်၊ ကဲ့ရဲ့၊ စွန့်ပစ်ခြင်းခံခဲ့ရ
ယခုဘုန်းကြီးဘုရင်၊ အစဉ်အောင်မြင်။
Verse 3
ချီးမွမ်း၊ ချီးမွမ်း၊ ယေရှုသည် ရွေးနုတ်ရှင်ဖြစ်၏
ကောင်းကင်ဘဝဂ် ဟောရှဏာသံညံပြီ
ယေရှုရှင်သည် ကာလစဉ်ဆက်စိုးစံမူပြီ
ယဇ်ပုရောဟိတ်၊ ဘုရင်၊ ပရောဖက်ဖြစ်
သေခြင်းနှိမ်နင်း၊ သစ္စာရှိသူဝမ်းမြောက်လော့
သေခြင်း၏အောင်ခြင်းသည် အဘယ်မှာနည်း
ယေရှုသက်ရှင်၊ ဖမ်းဆီးချည်နှောင်မခံရတော့
ယေရှုသက်ရှင်၊ တန်ခိုးတော်ဖြင့်ကယ်တင်။
Hymn details
စာသား: Fanny Jane Crosby
သံစဉ်: Chester G. Allen
Meter: Peculiar Meter.
Key: G Major
Time: 6/8
Audio