M123E231KC123MT123

ကျွန်ုပ်တို့၏ချစ်သခင်ရပ်နေ

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

ကျွန်ုပ်တို့၏ချစ်သခင်ရပ်နေ

လက်တော်ရှိဒဏ်ချက်ရာပြသ

ခြေတော်၊ နံဘေးတော်ရှိဒဏ်ချက်ရာ

အသေခံခဲ့သောလက္ခဏာ။

Verse 2

စားပွဲ၌ ကိုယ်တော်ထိုင်စဉ်ခါ

ဖိုးထိုက်လှသောစားဖွယ်ရာများ

ကြွယ်ဝသောခွက်၊ ချိုမြိန်သောမုန့်

ယေရှုသည် ဧည့်ခံပြုစုပေး။

Verse 3

မျက်စိညစ်ညမ်းမှုန်ဝါးနေသော်

သင်္ကေတမြင်၊ ယေရှုမမြင်

အို မေတ္တာတော်ကြွယ်ဝမူပါ

မျက်နှာတော်ကို မြင်စေမူပါ။

Verse 4

ဘုန်းတော်ပြည့်စုံသောသတို့သား

မျက်မှောက်တော်ကျေးဇူးတော်တည်ပါ

ဖုံးကွယ်ရာကို ဖယ်ရှားပေးပါ

သန့်ရှင်းသူတိုင်း ဘုန်းတော်မြင်စေ။

Hymn details

စာသား: Charles Haddon Spurgeon

သံစဉ်: Alfred P. Gibbs

Meter: 8.8.8.8.

Key: G Major

Time: 3/4

Audio