M122E230KC122MT122

သခင်ယေရှု၊ ဖိုးထိုက်နာမ

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

သခင်ယေရှု၊ ဖိုးထိုက်နာမ

ထိုနာမတော်၌သာ

တောင်းဆိုရာဝမ်းမြောက်ခြင်းကိုရ

သခင်အရာပိုင်ဆိုင်။

Verse 2

သစ္စာဖောက်ခံမှောင်မိုက်ည၌

စားသောက်ပွဲစီမံခဲ့

မုန့်နှင့်ခွက်ကို စားသောက်ဆက်ဆံ

အသေခံခြင်းကြွေးကြော်။

Verse 3

မုန့်သည် ကိုယ်တော့်ခန္ဓာပုံဆောင်

ခွက်သည် ဖိုးထိုက်သွေးတော်

သွေးတော်ဖြင့် အပြစ်များဖယ်ရှား

ဘုရားနှင့်သင့်မြတ်ရ။

Verse 4

ကောင်းကင်ဗိုလ်ခြေအရှင်ကိုယ်တော်

ဧည့်သည်တော် ကျွန်ုပ်တို့

ကိုယ်တော်ကို လွန်စွာလေးမြတ်ကြ

ကိုယ်တော့်ကို အောက်မေ့ကြ။

Verse 5

မမြင်ရလည်း ကိုယ်တော့်ကိုချစ်

ကိုယ်တော်၌ ဝမ်းမြောက်ကြ

မမြင်ရလည်း၊ ကယ်တင်ပေးခဲ့

ကာရာနီကုန်းလူသား။

Hymn details

စာသား: Alfred P. Gibbs

သံစဉ်: William Henry Havergal

Meter: 8.6.8.6.

Key: Ab Major

Time: 3/2

Audio