နောက်တော်သို့ လိုက်ခြင်း
Verse 1
သိုးသငယ်- ဘုရား၏ ရွေးနုတ်ကယ်တင်ရှင်
အပြစ်တွက် မြင့်ဆုံး ဖိုးခပေးကာ
ရွေးနုတ်ခဲ့ ဘုရားထံမှ ကြွဆင်း
ပျောက်ဆုံးသောသူ ပြန်လည်ရယူရန်။
သိုးသငယ် ပြစ်တင်ခွင့်နှင့်ကင်း
ကိုယ်တော်သည်ဝန်ခံ နူးညံ့သူ
ကားတိုင်ပေါ် အသက် သေဆုံးသည့်တိုင်
နာခံခြင်း မည်သူ၌ ရှိနိုင်နည်း။
chorus
နောက်တော်သို့ လိုက်လိုသည်
လှည့်လည်ခြင်းများ ရပ်တန့်ပြီ
ရုန်းကန်ခြင်း ဆုံးသတ်ပါပြီ
မည်သို့နည်း မသိသော်လည်း
ကိုယ်တော်သည် ဂရုစိုက်
မှားယွင်းခြင်းကင်း ဦးဆောင်၊ ကျွန်ုပ် အမှန်သိပြီ
အသံတော်ကို ကျွန်ုပ်ရွေးချယ်
သိုးငယ်သွားလေရာ လိုက်မည်။
Verse 2
နောက်တော်သို့ လူများစွာလိုက်ခဲ့ကြသော်လည်း
ကိုယ်တော်နှင့် လမ်းတော်ကို သိသူနည်း
သိုးသူငယ်-ကျဉ်းမြောင်းရာ လမ်းယူဆောင်
ကိုယ်တော်သည် ကြမ်းတမ်းသော လမ်းလျှောက်ခဲ့။
သွန်းလောင်းခဲ့၊ လူများငြင်းပယ်လည်း
အသက်ပေးခဲ့၊ လူများကျောခိုင်းလည်း၊
ကျွန်ုပ်တို့ မည်သို့ ခိုင်မာနေနိုင်
ကိုယ်တော်သည် အားလုံးကိုပေးခဲ့ပြီ။
chorus
နောက်တော်သို့ လိုက်လိုသည်
လှည့်လည်ခြင်းများ ရပ်တန့်ပြီ
ရုန်းကန်ခြင်း ဆုံးသတ်ပါပြီ
မည်သို့နည်း မသိသော်လည်း
ကိုယ်တော်သည် ဂရုစိုက်
မှားယွင်းခြင်းကင်း ဦးဆောင်၊ ကျွန်ုပ် အမှန်သိပြီ
အသံတော်ကို ကျွန်ုပ်ရွေးချယ်
သိုးငယ်သွားလေရာ လိုက်မည်။
Verse 3
ဆုတောင်းမည်၊ လမ်းတော်၌ သစ္စာရှိစေရန်
နေ့ရက်တိုင်း ကျဆင်းမသွားလိုပါ
စောင့်ထိန်းပါ၊ ကိုယ်တော့်ကျေးဇူးတော်ဖြင့်
နောက်တော်လိုက်ရန် ကားတိုင်ကိုယူဆောင်
ကျွန်ုပ်တို့ လုံးလုံး ဆက်ကပ်မည်
ကိုယ်တော်တွက် လုံးလုံးဖြစ်ပါပြီ
လမ်းတော်ကို စိတ်နှလုံး၌တည်စေ
ထိုလမ်းသည် ဇိအုန်တောင်သို့ ချီ။
chorus
ယခု နောက်တော် လိုက်မည်
ခေါ်ခြင်းကို အဖြေပေးမည်
ဖြစ်ခြင်းကို သွန်းလောင်းပါပြီ
ကောင်းကင်မှ မြေကြီးသို့ကြွ
ယေရုရှလင်သစ်ကိုမြင်
ဘုရားနှင့်လူ ပေါင်းစည်း တစ်ခုတည်း သက်သေထူ
ထာဝရပင် အို ဘုန်းတော်ပြည့်
ဤနေရာ သိုးငယ်ဦးဆောင်။
Audio