မေတ္တာယဇ်ကို မာရိသွန်းလောင်း
Verse 1
မေတ္တာယဇ်ကို မာရိသွန်းလောင်း၊ ခြားသူများဖို့ ချည်းနှီးဖြစ်လည်း
ရာစုနှစ်များ တစ်လျှောက်လုံးတွင်၊ ကိုယ်တော့်ချစ်သူများ မေတ္တာသွန်း
ဖိုးထိုက်သက်တာနှင့် ဘဏ္ဍာများ၊ အဆင့်တန်းနှင့် အနာဂတ်များ
ကိုယ်တော်ဖို့သာ သွန်းလောင်းရာ၊ ကိုယ်တော်၏ချိုမြိန်ခြင်း မွှေးကြိုင်။
chorus
သူမသည် ခွင့်ရေးရယူ
ကောင်းဆုံးမေတ္တာဖြင့်ချစ်ရန်
သူမနည်းတူ ကျွန်ုပ်လည်း
မေတ္တာနှင့် ခပ်သိမ်းသွန်းလောင်း။
Verse 2
ကိုယ်တော်ကိုချစ် ခပ်သိမ်းပေးအပ်၊ ဝိညာဉ်၊ စိတ်နှင့် ခန္ဓာ အားလုံး
စိတ်နှလုံး၊ ဉာဏ်စွမ်းနှင့် ခွန်အား၊ လုံးလုံး ကိုယ်တော်တွက်သာ
ကျွန်ုပ်ဖြစ်ခြင်းအားလုံးပေးအပ်၊ ကိုယ်တော်ဖြင့် သိမ်းပိုက်ခြင်းခံရန်
ကိုယ်တော့်စိတ်ထံ ဝင်ရောက်ရာ၊ မိတ်သဟာယချိုမြိန် ခံစား။
chorus
ကိုယ်တော်၌ ကျွန်ုပ်ပျောက်ဆုံး
ကိုယ်တော်သည် ရာခပ်သိမ်းဖြစ်
မိတ်သဟာယ ချိုမြိန်လှ
ဝိညာဉ်၌ ကိုယ်တော်ကို ဝမ်းမြောက်။
Verse 3
ကောင်းကင်၊ မြေကြီး၌ လိုအပ်ရာ၊ ကိုယ်တော်မှလွဲ၍ ခြားမရှိ
နှလုံးနှင့် သွေးသား ကျဆင်းလည်း၊ ကိုယ်တော်သာ ကျွန်ုပ်ဝေစုဖြစ်
ရာအားလုံးချည်းနှီး၊ အနတ္တ၊ ခြားရာများ အရှုံးထင်မှတ်
မေတ္တာကို တားဆီးမရ၊ စိတ်နှလုံး ကိုယ်တော်သာ ရယူ။
chorus
ဖိုးထိုက်ခြင်းကို မြင်ရပြီ
ဘုန်းတော်နှင့် စစ်မှန်ခြင်းကို
ယခု ကျွန်ုပ် ဝန်ခံသည်
စိတ်နှလုံး ကိုယ်တော်တွက်သာ။
Audio