ဖိုးထိုက်သွေးတော်ဖြင့် ကျွန်ုပ်ကိုဖုံးလွှမ်းပါ
21
Verse 1
ကိုယ်တော်၏သွေးတော်ဖြင့်၊
ကျွန်ုပ်ကိုဖုံးလွှမ်းပါ
ကိုယ်တော်နှင့်တစ်လုံးတစ်ဝ၊
ကယ်တင်ခြင်းအခမဲ့စီးဆင်း
ဝမ်းမြောက်ခြင်းလှိုင်း မြဲမပြတ်၊
ယနေ့ဖုံးလွှမ်းမူပါ။
Verse 2
ကျွန်ုပ်ချစ်ရာသခင်
ကျွန်ုပ်စိတ်နှလုံးဗဟို
အချိန်တိုင်း ကိုယ်တော့်ပေါ်ရှိ
ခွဲသွားခြင်းမပြုတော့ပါ
ဘုရား၏ကြီးမားမေတ္တာ
ကျွန်ုပ်၏ချစ်ရာသခင်။
Verse 3
ကျေးဇူးတော်ဖြစ်မူပါ
အဆုံးမဲ့မစပေး
ကျွန်ုပ်အထဲအသက်ပေး
ကိုယ်တော့်ပေါ် ကျွန်ုပ်မှိခို
နေရာတိုင်း ကိုယ်တော်ဖြန့်ဝေ
ကျေးဇူးတော်ဖြစ်မူပါ။