Back to YP Songs

YP74HYM1328

လှည့်လည်ခဲ့သောရက်များ

21

Verse 1

လှည့်လည်ခြင်းရက်များ၊

အချည်းနှီး ဖြတ်ကျော်လာရာ

နည်းလမ်းကို ရှာဖွေခဲ့၊

လိုအပ်ခြင်းကို ဖြည့်စွက်နိုင်ရန်

ချည်းနှီးသာ တွေ့ရှိလာ

မှောင်မိုက် ဤမြေကြီး၊

ခဏတာ ကျေနပ်စေနိုင်လည်း

ပျော်ရွှင်ခြင်းများထဲမှ၊

စစ်မှန်ခြင်းကို တောင့်တရာ

လောကသည် လိမ်ညာနေ။

chorus

ခြားနားခြင်းကို သိမြင်လာ၊

ကျေနပ်ခြင်းကို ကြားသိချိန်

တွင်းနက်နဲ သိကျွမ်းခြင်းနည်းပါး၊

လောကသည် လှည့်စားနေ။

Verse 2

သံသယလွှမ်းမိုး

ဝတ္ထုဟောင်း ကြားရသောခါ

လူဖြစ်သော ရှင်သခင်

စိုးရိမ်စိတ်နှလုံးမရပ်တန့်

သခင်မှန်မည်လော

နှုတ်တော်၌ ရှာဖွေ

ခက်ထန်စိတ်ကို နူးညံ့စေ

မျက်မှောက်တော်တောက်ပခြင်း၌

မြေကြီး၏ချည်းနှီးရာပျောက်ကွယ်

ယေရှုကျွန်ုပ်၌ ရှင်။

chorus

ယခုကိုယ်တော်နှင့်အတူ

ဘုရားပြည့်စုံခြင်း ကြီးထွား

ယေရှုရှင် ကိုယ်တော်ကိုချစ်သည်

ကျွန်ုပ်ထဲ အသက်ပေး။

Audio