Back to YP Songs

YP7NS141

ကြီးမြတ်သော ဘုရားမေတ္တာတော်

21

Verse 1

ကမ္ဘာမတည်မရှိမီက စိတ်တော်၌ သတို့သမီးမျှော်

ဘုန်းကြံစည်တော်သည် လူနှင့်အတူ အပြန်အလှန်တည်ရန်

စိတ်တော်ကိုမသိ ပြစ်သားကျွန်ုပ်သေထိုက်

ကိုယ်တော်သွေးတော်သွန်း၊ အပြစ်လွတ်စေ

သက်တော်ကိုပေးပြီ၊ နီးစေတော်မူ မေတ္တာတော်၊ ကိုယ်တော်နှင့်ကျွန်ုပ်ထာဝရ။

chorus

အိုဘုန်းထင်မေတ္တာတော်၊ မည်သို့တိုင်းတာနိုင်

ကောင်းကင်ထက်မြင့်လေ၊ ပင်လယ်ထက်နက်ပေ စာတန်နိုင်ငံနှင့်

သေခြင်းကိုဖျက်ဆီး ကိုယ်တော့်မေတ္တာနှင့် မည်ရာနှိုင်းမရ

လွန်စွာနက်နဲကြီးမား၊ လွန်စွာနူးညံ့စစ်မှန် ကိုယ်တော်ကို ချစ်လှသည်

စိတ်နှလုံး၊ အသက်၊ စိတ်ကိုပေးအပ်ပြီ

ဒုက္ခ၊ ဝမ်းမြောက်ခြင်း၊ မည်ရာတွေ့ကြုံစေ ကျေးဇူးတော်ကြွယ်ဝ၊

ရှိသမျှအပ်နှံ အသင်းတော်တည်ဆောက်၊ သတို့သမီးတည်

စိတ်နှလုံးတော်ကျေနပ်၊ အပြန်အလှန်တည်နေ ထာဝရအစဉ်။

Audio