Back to YP Songs

YP57HYM1154

ယေရှုကိုချစ်သည်

21

Verse 1

ယေရှုကိုချစ်သည်၊ ကိုယ်တော့်မေတ္တာတော်

ကျွန်ုပ်ကိုသွေးဆောင်မူပါ၊ နောက်တော် လိုက်ပြေးမည်

ကျွန်ုပ်ကိုသွေးဆောင်မူပါ၊ နောက်တော်လိုက်ပြေးမည်။

chorus

(ငါချစ်ရာအရှင်၊ ကိုယ်တော်သည်၊ ချစ်ဘွယ်ကောင်းလှ

ကိုယ်တော်သည် ကျွန်ုပ်၏ဝမ်းမြောက်ရာ။)၂

Verse 2

ယေရှု၏မေတ္တာ

စပျစ်ရည်ထက်ချို

ကိုယ်တော်၏နံ့သာဆီမွှေး

ကျွန်ုပ်ရွှင်လန်းရာ

ကိုယ်တော်၏နံ့သာဆီမွှေး

ကျွန်ုပ်ရွှင်လန်းရာ။

chorus

(ဥယျာဉ်ရှိစမ်းရေ

အသက်ရှင်သောစမ်းရေတွင်း

လေဗနုန်တောင်မှ စီးသောစမ်းချောင်း။)၂

Verse 3

လာပါချစ်သခင်

ကျွန်ုပ်ဥယျာဉ်ပေါ်

မြတ်သောနံ့သာပင်မျိုးပေါင်း

သင်းပျံ့ကြိုင်လှိုင်ပါ

မြတ်သောနံ့သာပင်မျိုးပေါင်း

သင်းပျံ့ကြိုင်လှိုင်ပါ

chorus

(ငါ့ခင်ပွန်း၊ နှမ

ငါ့ဥယျာဉ်သို့ ငါလာပြီ

စပျစ်၊ ပျားရည်နှင့် နို့သောက်ရပြီ။)၂

Verse 4

အိုသခင်ယေရှု

ကိုယ်တော့်နှလုံးပေါ်

ကျွန်ုပ်ကို တံဆိပ်ခပ်ပါ

သေခြင်းသည် တားဆီး

သို့သော်မေတ္တာတန်ခိုးကြီး

သေခြင်းမနိုင်ရာ။

chorus

ရေမည်မျှများလည်း

မေတ္တာကို မသတ်နိုင်ပါ

လူသည်မေတ္တာကို ဝယ်၍မရ

မြစ်ရေတို့သည်လည်း

မေတ္တာကို မလွှမ်းမိုးနိုင်

လူသည် မေတ္တာကို ဝယ်၍မရ။

Audio