Back to YP Songs

YP5LB60

ဝိညာဉ်တော်အားဖြင့် သားတော်နှင့်အဖအတူ

21

Verse 1

ဝိညာဉ်တော်အားဖြင့် သားတော်နှင့်အဖ အိုမည်မျှနက်နဲခြင်း

ဘုရားအဖြစ်တော်ပြည့်ဝခြင်း သားတော်၌ ကိုယ်ထင်ရှား

chorus

အံ့ဖွယ်ပုဂ္ဂိုလ်၊ သားတော်နှင့်အဖ

အံ့ဖွယ်ပုဂ္ဂိုလ်၊ ဝိညာဉ်တော်သားတော်

အံ့သြဖွယ်ခရစ်တော်

အံ့သြဖွယ်ကောင်းသော သုံးပါးတစ်ပါးဘုရား။

Verse 2

ဝိညာဉ်တော်အားဖြင့် သားတော်နှင့်အဖ အပျိုစင်၌ သန္ဓေယူ

ဘုရား-လူ၊ အံ့သြဖွယ်ပုဂ္ဂိုလ်တော် ဖွားမြင်လာ ဘုရားနှင့်လူ ယေရှု

chorus

အံ့ဖွယ်ပုဂ္ဂိုလ်၊ သားတော်နှင့်အဖ

အံ့ဖွယ်ပုဂ္ဂိုလ်၊ ဝိညာဉ်တော်သားတော်

အံ့သြဖွယ်ခရစ်တော်

အံ့သြဖွယ်ကောင်းသော သုံးပါးတစ်ပါးဘုရား။

Verse 3

ဘုရားကို ရွေးချယ်သက်ရှင်သောစုံလင်လူသား ဘုရားသက်ဖြင့် သက်ရှင်

အပြစ်၊ လောက၊ စာတန်သည် ကိုယ်တော့်ကို မနိုင် ပြစ်ကင်းယေရှုသွေးတော်

chorus

လူသားဇာတိ၊ သွေးတော်ဖြင့် ဆေးကြော

ဘုရားဇာတိ၊ အာမခံချက်ဖြစ်

သွေးတော်ဖြင့် ဆေးကြောခံ

ဘုရားသခင်သည် ကျွန်ုပ်၏အာမခံ။

Verse 4

ပြစ်ကင်းကိုယ်တော် ပြစ်ပြည့်ဝလူသား၌ ပေါင်းစည်း စာတန်ကို ဖမ်းဆီး

မသွေးသား၊ အပြစ်၊ စာတန်ကို ကိုယ်တော့်ပေါ် ချိတ်ဆွဲ အဆုံးသတ်ခြင်း

chorus

အဆုံးသတ်ခြင်း-ဖန်ဆင်းခြင်းအဟောင်း

နာကျင်ဟစ်အော်-သွေးသား၊ ပြစ်၊ စာတန်

အိုကတိတော်မျိုးစေ့

မာရ်နတ်ကို ဖျက်ဆီး၊ မာရ်နတ်ခေါင်းကို ဖျက်ဆီး။

Verse 5

ရှင်ပြန်ထမြောက်ခြင်း၌ ဤအံ့ဖွယ်ပုဂ္ဂိုလ်တော် ဝိညာဉ်တော်ဖြစ်လာရာ

သားတော်နှင့်အဖသည် ယခုဝိညာဉ်တော်ဖြစ် ပြီးမြောက်ပြည့်စုံခြင်းရှိလာ

chorus

အံ့ဖွယ်ပုဂ္ဂိုလ်၊ သက်ပေးဝိညာဉ်တော်

သားတော်ဖြစ်လာ ပြီးမြောက်ပြည့်စုံခြင်း

သားတော်နှင့် အဖသည်

ဝိညာဉ်တော်အဖြစ် ကျွန်ုပ်၌ ကိန်းဝပ်နေ။

Verse 6

တက်ကြွတော်မူခြင်း၌ ဤအံ့ဖွယ်ပုဂ္ဂိုလ်တော် လူသားသည် ပလ္လင်ပေါ်

အမြင့်ဆုံးနေရာ ကိုယ်တော့်ကို ပေးအပ်မူ ကိုယ်တော်၏စိုးစံခြင်း

chorus

သခင့်သခင်၊ ဘုရင်တို့ဘုရင်

မြင့်ဆုံးနာမ ယေရှုကို ပေးအပ်

လူသားသည် ပလ္လင်ပေါ်

အံ့သြဖွယ်ကောင်းသော အံ့သြဖွယ်ပုဂ္ဂိုလ်တော်။

Verse 7

စိုးစံတော်မူခြင်း၌ ရာခပ်သိမ်းပေါ်ဦးခေါင်း အဆင့်ဆင့်ဖြတ်ကျော်ခဲ့

သက်ပေးဝိညာဉ်တော်သည် ဝေငှဖြန့်ဖြူးပေးနေ ခန္ဓာတော်ကို ထုတ်လုပ်

chorus

သုံးပါးတစ်ပါး သြဝါဒမဟုတ်

သုံးပါးတစ်ပါး ဝေငှဖြန့်ဖြူးပေး

ကိုယ်တော်ဝေငှဖြန့်ဖြူး

ကိုယ်တော့်ကို ဝမ်းမြောက်၊ ကျွန်ုပ်တို့ဝမ်းမြောက်ရ။

Audio