Back to YP Songs

YP49LB52

ငါ့စိတ်နှလုံး ကိုယ်တော်ထံမှန်စေပါ

21

Verse 1

ငါ့စိတ်နှလုံး ကိုယ်တော်ထံမှန်စေပါ

ဆုတ်ယုတ်ခြင်းမရှိ ကိုယ်တော့်ကို စဉ်ရှုမျှော်

ဖြူစင်စိတ်နှလုံး ကိုယ်တော်ကိုသာမြင်

ကိုယ်တော်ကိုချစ်၍ တန်ဖိုးထား-စိတ်နှလုံး။

chorus

ကိုယ်တော်ထံဆက်ကပ်ရန် မေတ္တာတော်သွေးဆောင်

ငါ့စိတ်နှလုံးသည် ကိုယ်တော်ထံဆွဲဆောင်ခံ

အိုသခင်ထံအပ်နှံ ကြီးမားအခွင့်အရေး

ငါချစ်သခင်-ငါချစ်လှ ငါချစ်ရာ-ငါ၏သခင်။

Verse 2

ကိုယ်တော့်အဖို့ ငါ့မေတ္တာလောင်ကျွမ်းပါ

လျော့နည်းခြင်းမရှိ မေတ္တာစဉ်မြဲတိုးပွား

ကိုယ်တော့်အဖို့သာ မေတ္တာထွန်းလင်းရာ

ကိုယ်တော့်ကိုတွေ့စဉ်ကဲ့သို့ မေတ္တာလန်းဆန်း။

chorus

ကိုယ်တော်ထံဆက်ကပ်ရန် မေတ္တာတော်သွေးဆောင်

ငါ့စိတ်နှလုံးသည် ကိုယ်တော်ထံဆွဲဆောင်ခံ

အိုသခင်ထံအပ်နှံ ကြီးမားအခွင့်အရေး

ငါချစ်သခင်-ငါချစ်လှ ငါချစ်ရာ-ငါ၏သခင်။

Verse 3

ငါ့အသက်တာ ကိုယ်တော့်ထံပေးအပ်ထား

သက်ထောင်ပေါင်းရှိလျှင် ကိုယ်တော့်အပေါ်သွန်းလောင်း

ကိုင်စွဲထားမရှိ ခပ်သိမ်းကိုယ်တော့်တွက်

အသက်၊ အနာဂတ် ရာခပ်သိမ်းကိုယ်တော့်တွက်။

chorus

ကိုယ်တော်ထံဆက်ကပ်ရန် မေတ္တာတော်သွေးဆောင်

ငါ့စိတ်နှလုံးသည် ကိုယ်တော်ထံဆွဲဆောင်ခံ

အိုသခင်ထံအပ်နှံ ကြီးမားအခွင့်အရေး

ငါချစ်သခင်-ငါချစ်လှ ငါချစ်ရာ-ငါ၏သခင်။

Audio