ယေရှုထက်တန်ဖိုးကြီးမရှိ
21
Verse 1
ကျွန်ုပ်ဝိညာဉ်၌ရှိ ယေရှုထက် တန်ဖိုးကြီးမရှိ
ကျွန်ုပ်ကို ဂရုစိုက် ငြိမ်သက်ခြင်းကို ဖြည့်ပေး
ပင်ပန်းခြင်းနေ့ရက်၌ ကျွန်ုပ်ကို စွန့်ပစ်မထားခဲ့
မျက်မှောက်တော်အတူရှိ ရင်ခွင်တော်၌ ခိုလုံနှစ်သက်လှ။
chorus
"သခင်ယေရှု- နာမခေါ်
အားနည်းခြင်း၌မစ"
အသက်တော်သည်
လုံလောက်ပြည့်စုံ
နေ့စဉ်ကျွန်ုပ်၌ သက်သေထူနေ။
Verse 2
ကျွန်ုပ်ဝိညာဉ်၌ရှိ
ယေရှုထက် တန်ဖိုးကြီးမရှိ
စိတ်နှလုံးလှည့်ပြန်စေ
အသက်တော်၌ မွေ့လျော်
ကျွန်ုပ်လုပ်ဆောင်မပြု
ကိုယ်တော့်ကရုဏာတော်သက်သက်
ဘုရားပေးကျေးဇူးတော်
အဆုံးမဲ့ဝမ်းမြောက်ခြင်းဖြစ်၏။
chorus
"သခင်ယေရှု- နာမခေါ်
အားနည်းခြင်း၌မစ"
အသက်တော်သည်
လုံလောက်ပြည့်စုံ
နေ့စဉ်ကျွန်ုပ်၌ သက်သေထူနေ။
Audio