Back to YP Songs

YP30NS319

ဘုရားသခင်၏စီမံကိန်း

21

Verse 1

ဘုရားသခင်၏စီမံကိန်းမှာ ကိုယ်တော်တိုင်ကို

ရွေးချယ်၊ ခန့်ခွဲ၊ ရွေးနုတ်ခံလူထဲဖြန့်ဖြူး၊ သူတို့အတွက်

အသက်နှင့်(အသက်နှင့်) သက်မစရာ(သက်မစရာ) ရာခပ်သိမ်းဖြစ်ကာ

ထုတ်လုပ်ရာ(ထုတ်လုပ်ရာ) ပြည့်ဝလာ(ပြည့်ဝလာ)

ခရစ်တော်၏ရှင်သန်ခန္ဓာတော်တည်ဆောက် ပြီးမြောက်ပြည့်စုံ ယေရုရှလင်မြို့သစ်။

Verse 2

ဘုရားထာဝရစီမံကိန်း လူကို ကိုယ်တော်နှင့်တူညီစေ

ကိုးကွယ်ခံ၌မဟုတ်-အသက်နှင့်သဘော၌

ကိုယ်တော်ကို လူနှင့်တူညီစေ လူနှင့်ဘုရားတူ

ကိုယ်တော်ထင်ရှားခြင်း ကြီးမားကျယ်ပြန့်ခြင်းတိုးပွားလာရာ

ဘုရားအရာများ ဘုရားဂုဏ်အင်္ဂါတော်အားလုံး

လူသားကောင်းမြတ်ခြင်းများ၌ထင်ရှား။

Verse 3

ဘုရားစီမံကိန်းပန်းတိုင် စိတ်နှလုံးတော်အလိုအတိုင်း

ကျွန်ုပ်ထဲ ကိုယ်တော် တည်ဆောက်ပေးပြီ ကိုယ်တော်ထဲ ကျွန်ုပ်ကိုတည်ဆောက်ပေး

ဘုရားဇာတိနှင့်လူသားဇာတိအတူတကွရောနှောပေါင်းစည်း

တစ်ခုတည်း၌တည်ပြီ(တစ်ခုတည်း၌) ခရစ်တော်ခန္ဓာ

ပြီးမြောက်ပြည့်စုံ ယေရုရှလင်မြို့သစ်

ပြီးမြောက်ပြည့်စုံ ယေရုရှလင်မြို့သစ်။

Audio