Back to YP Songs

YP3HYM1327

ယေရှု၊ ယေရှု၊ ကျွန်ုပ်အသက်

21

Verse 1

အသက်စမ်းရေ ကျွန်ုပ်ဆာငတ် အတွင်းနက်ရှိုင်း ဆာငတ်ပြေရန်

သို့သော်ကျွန်ုပ် သောက်သုံးစမ်းရေ သွေ့ခြောက်မြဲ ဆာငတ်မပြေနိုင်

ကိုယ်တော်ကို ကျွန်ုပ်တွေ့ ဆာငတ်မှုပြေပြောက်စေ

အတွင်းနက်နဲ အရင်းမြစ်ဖြစ်လာ အသက်ရေလျှံထွက် ကျွန်ုပ်သောက်သုံး

chorus

ယခု ယေရှု၊ ကျွန်ုပ်အသက်ဖြစ် ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်

ယခု ကျေနပ်ခြင်းပြည့်ပြီ ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်။

Verse 2

ထိုစမ်းရေကို မြည်းစမ်းပြီးခါ စမ်းရေတွင်းကို ကျွန်ုပ်တောင့်တ

တောင်ပေါ်မှ ရူပါရုံကိုမြင် ယေရုရှလင်၏စုဝေးရာ

ကျွန်ုပ်ကို ကိုယ်တော်တွေ့ အသင်းတော်သို့ခေါ်ဆောင်

ဝမ်းမြောက်ခြင်းအမြဲပြည့်ဝနေရာ ရှာဖွေခြင်းဆုံးသတ် ဟာလေလုယာ

chorus

ယခု ယေရှု၊ ကျွန်ုပ်အသက်ဖြစ် ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်

ယခု ကျေနပ်ခြင်းပြည့်ပြီ ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်။

Verse 3

ရုန်းကန်ခြင်းများကို ရပ်တန့်ပါ စိုးရိမ်ခြင်းများ တန်ဖိုးမရှိ

စိတ်နှလုံးဖွင့်လျက် ယုံကြည်ပါ နာမခေါ် ကိုယ်တော်ဝင်ရောက်လာာ

ကိုယ်တော်ကို တွေ့ရှိမည် နာမတော်ကိုခေါ်ပါ

ကိုယ်တော်နှင့်ပေါင်းစည်း တစ်လုံးတစ်ဝ သင့်သက်တာပြောင်းလဲ ကိုယ်တော်နှင့်တူ

chorus

ယခု ယေရှု၊ ကျွန်ုပ်အသက်ဖြစ် ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်

ယခု ကျေနပ်ခြင်းပြည့်ပြီ ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်။

Audio