ချစ်စွာသောသတို့သား
Verse 1
ချစ်စွာသော၊ သတို့သား မည်သောခါ ကြွမည်နည်း
ကြွမည့်ရက် နှောင့်နှေးမရှိနှင့်(ကြွမည့်ရက်)
နေ့စဉ်တိုင်း ကိုယ်တော်နှင့် ပြည့်ဝရန် မစပါ
ချစ်သခင်၊ အစဉ်ဦးဆောင်ပါ။
chorus
ကြွပါ၊ ယေရှု ကြွပါ၊ သတို့သား ဖိုးထိုက်ရှင်၊ ကြွပါ၊ ကြွပါ
လောင်ကျွမ်းစေပါ လမ်းလွှဲမရောက်စေနှင့် အစဉ်သစ္စာရှိစေပါ။
Verse 2
စိတ်နှလုံး၌ အိမ်ဆောက်ပါ
လျှို့ဝှက်ရာ နက်နဲဆုံး၌
ကိုယ်တော်တွက် ကျွန်ုပ်ပြင်ဆင်ထား(ကိုယ်တော်တွက်)
ရာခပ်သိမ်း၊ ဖြစ်သမျှ၌
ကိုယ်တော်ကို ပထမထား
ကိုယ်တော်အားဖြင့် ပိုင်ဆိုင်ခြင်းခံရ။
chorus
ကြွပါ၊ ယေရှု ကြွပါ၊ သတို့သား ဖိုးထိုက်ရှင်၊ ကြွပါ၊ ကြွပါ
လောင်ကျွမ်းစေပါ လမ်းလွှဲမရောက်စေနှင့် အစဉ်သစ္စာရှိစေပါ။
Verse 3
ဆုတောင်းခြင်းနက်နဲလိုအင်
ကျွန်ုပ်၏ဝိညာဉ်အစဉ်
ကိုယ်တော်နှင့်ပျော်ဝင်ပြည့်ဝရန်(ပြည့်ဝရန်)
နေ့စဉ်တိုင်း၊ အချိန်တိုင်း၌
ကိုယ်တော်ကို မျှော်လင့်လျက်ရှိ
ဤရာတွက် အစဉ်ဆုတောင်း။
chorus
ကြွပါ၊ ယေရှု ကြွပါ၊ သတို့သား ဖိုးထိုက်ရှင်၊ ကြွပါ၊ ကြွပါ
လောင်ကျွမ်းစေပါ လမ်းလွှဲမရောက်စေနှင့် အစဉ်သစ္စာရှိစေပါ။
Verse 4
ကျွန်ုပ်တို့၏ရွေးချယ်ရာနှင့်
လမ်းဆုံးမှာ ကိုယ်တော်ဖြစ်ရာ
ချိုမြိန်ဆုံး စကြဝဠာ၌(ချိုမြိန်ဆုံး)
မည်သို့သော ဖိုးခဖြစ်စေ
ကျွန်ုပ်ပေး အာမင်ထူးမည်
ချစ်သခင်၊ လျင်မြန်ကြွလာပါ။
chorus
ကြွပါ၊ ယေရှု ကြွပါ၊ သတို့သား ဖိုးထိုက်ရှင်၊ ကြွပါ၊ ကြွပါ
လောင်ကျွမ်းစေပါ လမ်းလွှဲမရောက်စေနှင့် အစဉ်သစ္စာရှိစေပါ။
Verse 5
မေတ္တာ၌ ဆွဲဆောင်ခံရ
အတွင်း၌ အခြားမရှိ
အိုသခင်၊ တားဆီး၍မနိုင်(အိုသခင်)
မေတ္တာ၌ ကိုယ်တော့်ပေါ်သွန်း
အသင်းတော်၊ သတို့သမီး
ဤရာသာ ကျွန်ုပ်ရွေးချယ်ရာ။

Audio