ခရစ်တော်တစ်ခွက်
Verse 1
နံနက်ခင်းချိန်၌ ခရစ်တော်ကို တစ်ခွက်သောက်သုံး
လန်းဆန်းခြင်းဖြင့် နေ့သစ်ကို စတင်ပါ
ခရစ်တော်ဖြင့် နေ့သစ် စတင်
သီချင်းဆိုခြင်းဖြင့် သင်၏နေ့သစ်ကို စတင်ပါ။
နံနက်ခင်း၊ စိတ်နှလုံး လှည့်ပြန်
သွေးတော်ဖြင့် ဆေးကြောခြင်းခံယူ
ကိုယ်တော်အဖို့ ကြီးငယ်မရှိ
ဖြောင့်မတ်၍၊ ခွင့်လွှတ်ပေးမူမည်
သင်၏ဝိညာဉ် ဤနည်းဖြင့် လေ့ကျင့်။
Verse 2
နံနက်ခင်းချိန်၌ ခရစ်တော်ကို တစ်ခွက်သောက်သုံး
လန်းဆန်းခြင်းဖြင့် နေ့သစ်ကို စတင်ပါ
ခရစ်တော်သည် သက်ပေးသောရေ
ပြည့်ဝသည့်တိုင်၊ ဖြည့်ပေးမူမည်၊ ခရစ်တော်၌ နစ်မြုပ်။
နံနက်ခင်း၊ ခရစ်တော် သောက်သုံး
စီးဆင်းသော အရှင်ကို သောက်သုံး
စိတ်နှလုံး ပလ္လင်တော်မှ စီးဆင်း
ကြီးထွားသော အသက်ပင်နှင့်အတူ
ကျွေးမွေးရန်၊ မစရန်၊ လန်းဆန်းရန် ထောက်ပံ့ပေးမည်။
Verse 3
နံနက်ခင်းချိန်၌ ခရစ်တော်ကို တစ်ခွက်သောက်သုံး
လန်းဆန်းခြင်းဖြင့် နေ့သစ်ကို စတင်ပါ
ခရစ်တော်သည် ကောင်းကင်မှလေ
ဆုတောင်းခြင်းအားဖြင့် ကိုယ်တော် နေရာတိုင်း ရှူသွင်း။
နံနက်ခင်း၊ နာမတော် ခေါ်ဆို
တက်ကြွသော အရှင်နှင့် ပေါင်းစည်း
ခပ်သိမ်းပေါ် သာလွန် တက်ကြွမူ
နာမတော်ခေါ်ကာ ရှူသွင်းပါ
ဘာမျှ စဉ်းစားရန် မလိုပါ။
Verse 4
နံနက်ခင်းချိန်၌ ခရစ်တော်ကို တစ်ခွက်သောက်သုံး
လန်းဆန်းခြင်းဖြင့် နေ့သစ်ကို စတင်ပါ
ခရစ်တော် ပထမချစ်ရာ
သင့်ကို ချစ်မူ၊ သင့်ကို ပြန်လည်ရယူပြီ။
နံနက်ခင်း၊ ကိုယ်တော်ကို ချစ်
မေတ္တာတွက် ဖွင့်ပေးလိုက်ပါ
ချစ်ခြင်းဖြင့် သင်၌နေရာယူ
စိတ်နှလုံး ရှိသမျှဖြင့် ချစ်
စိတ်ရှိသမျှ၊ ခွန်အားများဖြင့် ချစ်ပါ။
Audio