ဤမြစ်ရေ
Verse 1
ဘုရား နက်နဲဆုံးစမ်းချောင်း၊ ထာဝရ အရင်းမြစ်၊
အသက်စမ်းရေဖြစ် ထွက်ပေါ်လာ
ယေရှုခရစ် လမ်းကြောင်း၊
ဝိညာဉ်တော်သည် စီးဆင်းခြင်းဖြစ်
ကျွန်ုပ်တို့၌ ထွက်ပေါ်
သုံးပါးတစ်ပါး စီးဆင်းခြင်း မြစ်ရေ
လွန်စွာ ဘုန်းထင်ရှားလှ။
chorus
ဤမြစ်သည် ကြီးမား၊ ဤမြစ်သည် နက်နဲ
ဤမြစ်သည် ကျယ်ပြန့်
ရိုက်ခြင်းခံကျောက်၊ ကယ်တင်ရှင်နံဘေး မှထွက်ပေါ်လာ။
ဤမြစ်သည် ကြည်လင်၊ ဤမြစ်သည် စင်ကြယ်
ဤမြစ်သည် တောက်ပ
သုံးပါးတစ်ပါး၊ ခရစ်ဘုန်းထင်ရှား
ထမြောက်ခြင်းအသက်။
Verse 2
တုနှိုင်းရာမဲ့၊ ကျေးဇူးမြစ်ရေ
သက်ရှင် ဘုရားဆိုင်ရာ
ဧဒင်ဥယျာဉ်မှ စီးထွက်ကာ
လူသားအားလုံးထံရောက်။
အသက်မြစ်ရေ သောက်သုံးခြင်းဖြင့်
သတို့သမီးဖြစ်လာ
ခရစ် တိုးပွား အဖော်အဖက်
နံဘေးတော်မှ ထုတ်လုပ်။
Verse 3
ဘုရား၏မြစ်ရေ အခမဲ့စီး
အခမဲ့ သက်စမ်းရေ
စီးဆင်းရာတိုင်း သက်ပင်မစ
လူတိုင်းသို့ အသက်ပေး။
ဤကြီးမားမြစ်ရေ အရှိန်ဖြင့်စီး
လူအား အသစ်မွေးပေး
ရေ၏စွမ်းအား ပျော်ဝင်ပြည့်ဝ
သဏ္ဌာန်ပြောင်းလဲ စိမ့်ဝင်။
Verse 4
အသက်၏အရှိန် မရပ်တန့်
အဆုံးတိုင် ရောက်ရှိမည်
သုံးပါးတစ်ပါး၊ လူနှင့်ပေါင်းစည်း
ယေရုရှလင်မြို့သစ်။
အသက်မြစ်၏ ချိုမြိန်ခြင်းမှာ
အားလုံးပါဝင် ခရစ်
သန့်ရှင်းစင်ကြယ်ခံသူအားလုံး
ထာဝရသက်ဖြည့်ပေး။
Audio