Back to YP Songs

YP167NS534

လမ်းအတိုင်းဆင်းသွားကြစဉ်

21

Verse 1

လမ်းအတိုင်းဆင်းသွားကြ တပည့်တော်နှစ်ယောက်တည်းသာ

သူတို့သခင်သေပြီ

လူတစ်ဦးချဉ်းကပ်လာ စကားဖြင့် နှစ်သိမ့်ပေးရာ

ထံတော် ခပ်သိမ်းပြောပြ။

refrain

သူက၊

ဘယ့်ကြောင့် မယုံနည်း၊ ဤသို့ ပြုရန် မဟုတ်လော၊

ခရစ်တော်သည် ဒုက္ခခံပြီးမှ ဘုန်းတော်သို့ ဝင်ရောက်မည်၊

ဘယ့်ကြောင့် မယုံနည်း၊ ဘယ့်ကြောင့် မယုံနည်း။

Verse 2

ခရီးဆုံး ရောက်သောခါ

သူတို့နှင့် စားရန် ဖိတ်ခေါ်

ကောင်းချီးပေး၊ မုန့်ချိုးဖဲ့

သူတို့မျက်စိ ပွင့်လင်း

ယေရှုခရစ်ဖြစ်ကြောင်းမြင်

သူတို့ထံမှ ပျောက်ကွယ်။

refrain

သူတို့က

ထိုစကားကြားစဉ်

စိတ်နှလုံး တောက်လောင်

ကိုယ်တော်နှင့် လျှောက်စဉ်

ကျမ်းစာကို ဖွင့်ပြပေး

စိတ်နှလုံးတောက်လောင်

စိတ်နှလုံးတောက်လောင်

Verse 3

လမ်းခရီးလျှောက်သွားစဉ်

ကိုယ်တော်သည် သတိပေးနေ

သင်တို့နှင့် မြဲတူရှိ

မည်သို့ခံစားပါစေ

ဝိညာဉ်တော် ကိုယ်တော်စစ်မှန်

ကျွန်ုပ်တို့၌ ကိန်းဝပ်။

refrain

ငါတို့က

စကားတော်ကြားစဉ်

စိတ်နှလုံး တောက်လောင်

အတွင်း ယေရှုခရစ်

ထမြောက်ခြင်း သက်ရှင်

စိတ်နှလုံးတောက်လောင်

စိတ်နှလုံးတောက်လောင်

Audio