နောက်တော်၌ရပ်ပါရစေ
Verse 1
နောက်တော်၌ရပ်ပါရစေ မျက်ရည်ဖြင့် ခြေတော်ဆေးပါမည်
သုတ်ပါရစေ၊ ဆံပင်ဖြင့် နမ်းပါရစေ၊ ဆီမွှေးဖြင့်သုတ်လိမ်းပါရစေ။
chorus
ယေရှုကို အကျွန်ုပ်ချစ်သည် ကျွန်ုပ်ဖြစ်ခြင်းသက်တာပေးအပ်မည်
ခေါင်းတော်နှင့် ခြေတော်အပေါ် စင်ကြယ်ဆီမွှေးဖြင့် သွန်းလောင်း
ဖိုးထိုက်ဆုံးကိုယ်တော်ကို ကျွန်ုပ် ချစ်လှသည်။
Verse 2
ဆီမွှေးကို ယူပါရစေ ခြေတော်ကို ဖိုးထိုက်ဆီမွှေးလိမ်း
ကျွန်ုပ် ဆံပင်ဖြင့်သုတ်မည်
တစ်အိမ်လုံးသည် နံ့သာဆီမွှေးသင်းပျံ့ကြိုင်လှိုင်။
chorus
ယေရှုကို အကျွန်ုပ်ချစ်သည် ကျွန်ုပ်ဖြစ်ခြင်းသက်တာပေးအပ်မည်
ခေါင်းတော်နှင့် ခြေတော်အပေါ် စင်ကြယ်ဆီမွှေးဖြင့် သွန်းလောင်း
ဖိုးထိုက်ဆုံးကိုယ်တော်ကို ကျွန်ုပ် ချစ်လှသည်။
Verse 3
ကိုယ်တော် ပရောဖက်ဖြစ်သော်၊ ကျွန်ုပ်ကို သိမည်အမှန်ပင်
ကိုယ်တော်ကို တို့ထိသူမှာ
သုတ်လိမ်းမထိုက်၊ မိန်းမ ကျွန်ုပ်အပြစ်သားဖြစ်။
chorus
ယေရှုကို အကျွန်ုပ်ချစ်သည်
ခွင့်လွှတ်ခြင်းတွက် ကိုယ်တော်ကိုချစ်သည်
ခေါင်းတော်နှင့် ခြေတော်အပေါ်
စင်ကြယ်ဆီမွှေးဖြင့် သွန်းလောင်း
ဖိုးထိုက်ဆုံးကိုယ်တော်ကို
ကျွန်ုပ် ချစ်လှသည်။
Verse 4
မေတ္တာဖြင့် ခြေတော်ကိုဆေး၊ ကျွန်ုပ်၏ဘုန်းဖြင့် သုတ်ပါမည်
နမ်းပါရစေ၊ သံမှိုရာ
ရှိသမျှဘုန်း၊ မေတ္တာအားလုံး ကိုယ်တော်ပေါ်ထား။
chorus
ယေရှုကို အကျွန်ုပ်ချစ်သည်
ဘုန်းနှင့်မေတ္တာ ကိုယ်တော်ပေါ်ထားရှိ
ကျွန်ုပ်ဆီမွှေးလက်ခံပါ
သခင်ကို ရှိသမျှအပ်
ဖိုးထိုက်ဆုံးကိုယ်တော်ကို
ကျွန်ုပ် ချစ်လှသည်။
Audio