Back to YP Songs

YP147NS366

အကြွင်းမဲ့ဆက်ကပ်အပ်နှံရန် စိတ်နှလုံးတောင့်တ

21

Verse 1

စိတ်နှလုံးတောင့်တ အကြွင်းမဲ့အပ်နှံ

ကျွန်ုပ်သည် လုံးလုံးအပ်နှံပါပြီ

စကားဖြင့်မဟုတ်၊ ဖြစ်ခြင်းတစ်ခုလုံး

ကိုယ်တော်ထံ ပြည့်ဝဆက်ကပ်အပ်နှံ။

Verse 2

ကျွန်ုပ်တွင်း သေးငယ်ဆန္ဒရှိနေသည်

ခြေတော်၌ ကျွန်ုပ်ဖြစ်ခြင်းပေးအပ်

ခေါင်းတော်ပေါ် ကျွန်ုပ်၏လက်တင်ပါပြီ

ပြည့်စုံသောမီးရှို့ပူဇော်သက္ကာ။

Verse 3

သခင်သည် ဆက်ကပ်ပူဇော်ခြင်းခံခဲ့

ရုန်းကန်မရှိ ဘုရားထံအပ်နှံခဲ့

ခမည်းတော်ထံ ပြည့်ဝနာခံခဲ့ပြီ

အကြွင်းမဲ့ဖြစ်ခြင်းအားလုံးပေးခဲ့။

Verse 4

ကျွန်ုပ်၏ ဝိညာဉ်၌ ကိုယ်တော်ကိန်းဝပ်

အပြင်သို့ နေ့စဉ်လှုပ်ရှားပျံ့နှံ့

အတွင်း၌ ညင်သာစွာအာမင်ထူးရန်

စောင့်မျှော်နေ၊ မိန့်တော်မူခြင်းကိုလေ။

Verse 5

ကိုယ်တော်အား၊ ပြည့်ဝစွာအခွင့်ပေးပြီ

တို့ထိပါ၊ စိတ်နှလုံးအခန်းတိုင်း

ချိုးဖဲ့ပါ၊ ကျွန်ုပ်ဖြစ်ခြင်းတားဆီးရာ

ချန်ထားခြင်း၊ ခွင့်မပြုပါနှင့်လေ။

Verse 6

သခင်အား၊ ဝမ်းမြောက်စွာနေရာပေးအပ်

စိတ်နှလုံး၊ ကိုယ်တော်ကိန်းဝပ်နေရာ

ကျွန်ုပ်တွင်း ကိုယ်တော်တွက် အိမ်တော်ရှိပြီ

အခန်းတိုင်း နေရာယူကြွမူပါ။

Verse 7

အတ္တရှာ၊ စိတ်နှလုံးဆေးကြောပေးပါ

ခြားမရှာ၊ ကိုယ်တော့်ကိုသာရှာဖွေ

ကျွန်ုပ်စိတ်-ကိုယ်တော်နေရာယူပိုင်ဆိုင်

ကျွန်ုပ်၌ ကိုယ်တော်ကြီးမားထင်ရှား။

Audio