Back to YP Songs

YP145NS438

ကျွန်ုပ်တို့ရရှိသော ခရစ်တော်

21

Verse 1

ရာအားလုံးပါဝင် ခရစ်တော်ကို ရရှိ

ကျွန်ုပ်တို့၏ဝေစု အလင်း၌ပေးထား

ဘုရားချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲ၌

ကိုယ်တော်မေတ္တာအလင်း၌ အုပ်စိုးနေ။

Verse 2

သင်ရှိနေရာမှ အထက်သို့ကြည့်ပါ

ရာအားလုံးပါဝင်ရှင် ခရစ်တော်ကိုမြင်

ဤကောင်းချီးခံ မြေ၌သက်ရှင်ကာ မွေ့လျော်ဝမ်းမြောက်

ကယ်တင်ခံ နို့နှင့်ပျားရည်သောက်သုံး။

Verse 3

ဂျုံမျိုးစေ့ဖြစ် ကန့်သတ်ခံ ယေရှုခရစ်

လူ့ဇာတိသည် သွေးသား၌ ကန့်သတ်ခံရ

ဘုရားတန်ခိုးတော်ဖြင့် ပြင်ပိုင်းကန့်သတ်ခံ

ကန့်သတ်မဲ့ မုယောပင်ကဲ့သို့ ထမြောက်ခဲ့။

Verse 4

စပျစ်နွယ်ပင် ပူဇော်ခံခရစ်တော်

ဘုရားနှင့်လူ ကျေနပ်ရန် စပျစ်ရည်ဖြစ်

စပျစ်ရည်သစ် သောက်လျှင် ကျွန်ုပ်တို့ခွန်အားဖြစ်

ကိုယ်တော်သည် အသက်ရှင်သောယဇ် ဖြစ်လာပြီ။

Verse 5

သင်္ဘောသဖန်း ခရစ်တော် ချိုမြိန်ခြင်း

ယုံကြည်ခြင်း ဝမ်းမြောက်ခြင်းကို တိုးပွားစေ

ခြားသူများ ခရစ်တော်ကို တွေ့ကြုံရန် လမ်းကြောင်းဖြစ်

ကြွယ်ဝသောမစရာ၌ ဝမ်းမြောက်ရပြီ။

Verse 6

တလည်းသီးဖြစ် ကိုယ်တော်အသက်ကြွယ်ဝခြင်း

ဤအသက်၏ကြွယ်ဝခြင်းနှင့် လှပခြင်း

ဘုရားနှင့်လူကို ဘုန်းတော်နှင့်ပြည့်ရန် ဝိညာဉ်တော်ဖြည့်ပေး

ခရစ်တော်၌ ကိုင်းဆက်ခံအသီးသီးလာ။

Verse 7

လွယ်ကူစွာရနိုင်သော ကျွန်ုပ်တို့ဝေစု

ပြည့်ဝခြင်း၌ လျှောက်လှမ်းကာ တွေ့ကြုံခံစား

ဤကောင်းသောမြေ၏ စစ်၍မကုန်သော ကြွယ်ဝခြင်းများ

သန့်ရှင်းသူများနှင့် စုပေါင်း၍ ဝမ်းမြောက်ကြ။

Audio