Back to YP Songs

YP139NS709

အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိ

21

Verse 1

အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိ

ဆုတောင်း၊ ကျေးဇူးချီးမွမ်း၊ သနားခံကာ

ဘုရားသခင်ထံသို့ ကြားလျှောက်ပါ

ဘယ်သူမျှကြံ၍ မမီနိုင်သော

ဘုရားရှင်၏ငြိမ်သက်ခြင်း

သင့်စိတ်နှလုံးကို ယေရှု၌ စောင့်ထိန်းပေး။

chorus

ငြိမ်သက်ခြင်းအရှင် ဘုရားသခင်

သင်နှင့်ကျွန်ုပ်ထဲ ဖြည့်ပေး

ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့်မိတ်ဖွဲ့

အခက်ခဲများကို ရှင်းလင်းပေး

စိုးရိမ်ခြင်းများဖယ်ရှားပေးသောဆေး

ကျွန်ုပ်တို့ကို စောင့်ရှောက်

ရာခပ်သိမ်းမှ ကယ်တင်ပေး။

Verse 2

အခြေအနေတိုင်း၌ နှောင့်ယှက်ခြင်းများပြား

သင့်စိုးရိမ်ခြင်းများ စာတန်မှလာ

ခရစ်တော်ကို ရှင်ခြင်းမှ နှောင့်ယှက်

ပေါင်းစည်းခြင်း၌တည်နေ၊ မိတ်ဖွဲ့သက်ရှင်ပါ

အပ်နှံ ကိုယ်တော်နှင့် တစ်လုံးတစ်ဝ

ဘုရား၏ငြိမ်သက်ခြင်း ခရစ်တော်ရှင်။

chorus

ငြိမ်သက်ခြင်းအရှင် ဘုရားသခင်

သင်နှင့်ကျွန်ုပ်ထဲ ဖြည့်ပေး

ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့်မိတ်ဖွဲ့

အခက်ခဲများကို ရှင်းလင်းပေး

စိုးရိမ်ခြင်းများဖယ်ရှားပေးသောဆေး

ကျွန်ုပ်တို့ကို စောင့်ရှောက်

ရာခပ်သိမ်းမှ ကယ်တင်ပေး။

Audio