နည်းလမ်းမျိုးစုံ ဖိနှိပ်ခံ
Verse
နည်းလမ်းမျိုးစုံ ဖိနှိပ်ခံ၊ လွတ်မြောက်ရာလမ်း ရှာမတွေ့နိုင်
နှိပ်စက်၊ ညှင်းဆဲခြင်းခံရ
ဇာတိလူ ဆင်းရဲဒုက္ခခံခြင်းသည် အတွင်းလူကို တိုးတက်လာစေရန်
အသစ်ပြုပြင်ခံရန် အခွင့်အရေးတစ်ခုဖြစ်။
chorus
အပြင်လူကျိုးပဲ့ဆုတ်ယုတ်လည်း ကျွန်ုပ်တို့စိတ်မပျက်ပါ
နေ့စဉ် အတွင်းလူသည် အသစ်ပြုပြင်ခံခြင်းကြောင့် စိတ်မပျက်
မြင်ရသော ခေတ္တယာယီအရာများကို ဂရုမစိုက်
မမြင်ရသောအရာများသည် ထာဝရတည်။
Verse
ကျွေးမွေးမူပါ ဒုက္ခခံခြင်း၌ ထောက်မမူပါ
နေ့တိုင်း သစ်ပြုပြင်ပါ ထမြောက်ခြင်းအသက်ဖြင့်
ဇာတိလူ ဆင်းရဲဒုက္ခခံခြင်းသည် အသက်တော်နှင့် ထမြောက်ခြင်းအားဖြင့်
ဘုရားအသက် လွတ်မြောက်စေရန် အခွင့်အရေးဖြစ်။
Verse
နည်းလမ်းမျိုးစုံ ဖိနှိပ်ခံ၊ (တင်းကျပ်စွာမဟုတ်)
လွတ်မြောက်ရာလမ်းကို ရှာမတွေ့နိုင် (လွတ်မြောက်ရာလမ်းရှိ)
နှိပ်စက်၊ ညှင်းဆဲ (အရှုံးမပေးသေး)
ခြင်းခံရ (မပျက်စီးနိုင်)
ယခုခဏပေါ့ပါး ဆင်းရဲခြင်း ခံရလည်း ကျွန်ုပ်တို့တွက်
လွန်စွာ ကြီးမြတ်သာလွန်သော ထာဝရဘုန်းတော်ဖြစ်စေပြီ။
Audio