Back to YP Songs

YP133HYM8773

ကျွန်ုပ်ရှေ့ကပြေးပွဲ ဝင်ရောက်ပြိုင်၍အောင်မြင်ရသောခါ

21

Verse 1

ကျွန်ုပ်ရှေ့ကပြေးပွဲ ဝင်ရောက်ပြိုင်၍ အောင်မြင်ရသောခါ

ဘုန်းကြီးသော ကိုယ်တော်ထံ ကျွန်ုပ်ဆောင်ယူခံ

ယုံကြည်ခြင်းတွက် ဖိုးခပေးလျှင် ယေရုရှလင်မြို့သစ်မှာ

ဆုလဒ်ကို ရယူမည်မှန်။

chorus

ဘုန်းတော်သို့ ကျွန်ုပ်ချီဆောင်ခံ၍၊ သန့်ရှင်းမြို့တော်၌ကိန်း

ယေရုရှလင်မြို့၊ ယေရုရှလင်မြို့

အောင်မြင်သောသူများနှင့်အတူ၊ ချီးမွမ်းကြွေးကြော်သံများညံရာ

မြို့တော်သစ် ယေရုရှလင်။

Verse 2

ဧည့်သည်အဖြစ် ကျွန်ုပ်လျှောက်ခဲ့ ဒုက္ခတွေ့လည်း ဝမ်းမြောက်ဆဲ

မကြာမီ ကောင်းသောမြေ မြင်ရဖို့မျှော်ကာ

ခြားသူများလောရာရှာ ကျွန်ုပ်တွက် သန့်ရှင်းမြို့တော်သာ

လိုအင်ဆန္ဒ ပြည့်စေမှာ။

chorus

ဘုန်းတော်သို့ ကျွန်ုပ်ချီဆောင်ခံ၍၊ သန့်ရှင်းမြို့တော်၌ကိန်း

ယေရုရှလင်မြို့၊ ယေရုရှလင်မြို့

အောင်မြင်သောသူများနှင့်အတူ၊ ချီးမွမ်းကြွေးကြော်သံများညံရာ

မြို့တော်သစ် ယေရုရှလင်။

Verse 3

ကြမ်းသောလမ်း၌ ကျွန်ုပ်ခြေ ပွန်းပဲ့ဒဏ်ရာရှိခဲ့သော်ငြား

ကျွန်ုပ်ဝင်စားမည့် မြို့တော်သာ စဉ်းစားကာ

မျက်လုံး၌ မျက်ရည်များ ပြည့်နေသော်လည်း ကျွန်ုပ်နှလုံးတွင်

မြို့တော်မှ ဆုလဒ်နှင့်ပြည့်။

chorus

ဘုန်းတော်သို့ ကျွန်ုပ်ချီဆောင်ခံ၍၊ သန့်ရှင်းမြို့တော်၌ကိန်း

ယေရုရှလင်မြို့၊ ယေရုရှလင်မြို့

အောင်မြင်သောသူများနှင့်အတူ၊ ချီးမွမ်းကြွေးကြော်သံများညံရာ

မြို့တော်သစ် ယေရုရှလင်။

Verse 4

ပန်းတုံးတိုင်သို့ ခိုင်ခံ့သော ရည်မှန်းချက်နှင့် ကျွန်ုပ်လိုက်ပြေး

ဘုရားပေးမည့် မြင့်ဆုံးဆုလဒ်ရယူရန်

ရှေ့ဖြစ်လာမည့်ရာ စွဲလမ်းကာ ဖြစ်ခဲ့ရာများ မေ့ချန်ထား

သန့်ရှင်းမြို့တော် ဝင်မည်မှန်။

chorus

မေတ္တာတော်နှင့် ကျေးဇူးတော်ကြောင့်

သန့်ရှင်းမြို့၌ သက်ရှင်ရ

ယေရုရှလင်မြို့၊ ယေရုရှလင်မြို့

ကိုယ်တော်ရှင်အား သန့်ရှင်းသောသူများ

သီဆိုချီးမွမ်းကြွေးကြော်

မြို့တော်သစ် ယေရုရှလင်။

Audio