Back to YP Songs

YP131HYM154

စဉ်းစား၍မနိုင် ကိုယ်တော့်မေတ္တာတော်

21

Verse 1

စဉ်းစား၍မနိုင်၊ ကိုယ်တော့်မေတ္တာတော်၊

ငါ့စိတ်နှလုံးသည် ကယ်တင်ရှင်ယေရှု

မေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊

အနက်နှင့်ထာဝရ ခွန်အားလုံးစုံ

ပို၍သိလာ။

Verse 2

မြွက်ဆို၍မနိုင်၊ ကိုယ်တော့်မေတ္တာတော်

ငါ၏နှုတ်ခမ်းသည် အနီးအဝေးရှိ

အပြစ်သားများထံ ဟောပြောကြွေးကြော်မည်

ကိုယ်တော့်မေတ္တာတော်သည် ပြစ်ဖယ်ရှားပေး၊

အသစ်မွေးပေး။

Verse 3

ချီးမွမ်း၍မနိုင်၊ ကိုယ်တော့်မေတ္တာတော်

ငါ့စိတ်နှလုံးသည် ကယ်တင်ရှင်ယေရှု

မေတ္တာတော်ပြည့်၊ ကြွယ်ဝ၊ ခမဲ့ - ချီးမွမ်း

အပြစ်သားကျွန်ုပ်အား ဘုရားထံသို့၊

ခေါ်ဆောင်ယူပြီ။

Verse 4

ပြည့်ဝမေတ္တာတော်၊ ချီးမွမ်း၍မနိုင်၊

မြွက်ဆို၍မနိုင်၊ မြေပေါ်သက်ရှင်စဉ်

ကိုယ်တော့်ထံဆောင်လာ၊ လွတ်လပ်ခွက်ကျွန်ုပ်

မေတ္တာသက်စမ်းရေဖြင့် ကိုယ်တော်ဖြည့်ပေး၊

ခွက်လျှံပြည့်ပြီ။

Verse 5

လွတ်လပ်ခွက်ကျွန်ုပ်၊ ကိုယ်တော့်ထံလာရန်

မစဉ်းစားခဲ့မိ၊ မကြည့်မမျှော်ခဲ့

ယခုကိုယ်တော်ထံ၊ လာပြီလာပါပြီ

ပြစ်သားတောင်းလျှောက်သံကို နားညောင်းမူပြီ၊

ချစ်တော်မူပြီ။

Verse 6

ကယ်တင်ရှင်ယေရှု၊ မေတ္တာတော်ဖြည့်ပါ

ထက်သက်စမ်းရေသို့ ဦးဆောင်ပါဦးဆောင်

ထိုနေရာသို့သာ ရိုးရှင်းယုံကြည်သည်

အခြားသောစမ်းရေသို့ လှည့်မသွားတော့၊

ထံတော်သို့သာ။

Verse 7

အိုသခင်ယေရှု၊ မျက်နှာတော်ဖူးမြင်

ကိုယ်တော်နှင့်အတူ၊ ပလ္လင်ပေါ်ထိုင်ချိန်

မေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊

အနက်နှင့်ထာဝရ ခွန်အားလုံးစုံ၊

ချီးမွမ်းပြည့်စုံ။

Audio