ဆန္ဒအားနည်း၊ ခွန်အားချည့်နဲ့
21
Verse 1
ဆန္ဒအားနည်း၊ ခွန်အားချည့်နဲ့
မျှော်လင့်ခြင်းများကုန်ခန်းလုနီး
ကိုယ်တော်လုပ်ဆောင်၊ ကိုးစားပါပြီ
ကြင်နာကိုင်စွဲဦးဆောင်မူပါ။
ကြင်နာကိုင်စွဲဦးဆောင်မူပါ။
Verse 2
ကောင်းဆုံးကြိုးစား၊ သို့သော်ကျဆင်း
ယခင်နည်းတူ၊ ကျဆင်းမှားပြန်
ခန္ဓီတော်ကို ကိုးစားပါပြီ
နှုတ်တော်ထဲသို့ စောင့်ထိန်းမူပါ။
Verse 3
စိတ်နှလုံးသည် ထောင်လွှားစဉ်ခါ
ကျဆင်းခြင်းသို့ လွန်စွာနီးကပ်
လုပ်ဆောင်မဝံ့၊ စဉ်းစားမဝံ့
ကြီးငယ်ရာ၌ ကိုယ်တော်လိုအပ်။
Verse 4
ကယ်တင်ရှင်သာ ခွန်အားတန်ခိုး
မျက်နှာတော်ကို ကျွန်ုပ်ရှာဖွေ
အားနည်းသူထဲ အားနည်းဆုံးဖြစ်
ကျွန်ုပ်ချည်းနှီး၊ ကျေးဇူးတော်သာ။
Audio