ကျွန်ုပ်ပိုင်ဆိုင်ရာများ
21
Verse 1
ကျွန်ုပ်ပိုင်ဆိုင်ရာများ၊ ယခုအရှုံးထင်မှတ်
ကျွန်ုပ်ဖြစ်ခြင်းထဲမှ၊ ယေရှုလွတ်စေ
ကျွန်ုပ်ပိုင်ဆိုင်သမျှ၊ ကောင်းခြင်း၊ ဆိုးခြင်းအားလုံး
အရှုံးထင်မှတ်ကာ၊ ခရစ်တော်ရယူ။
chorus
အရှုံးမပေး
ခေါ်တော်မူခြင်း၏ပန်းတိုင်၊ အဆုံးထိတိုင်
ကျွန်ုပ်ဆက်၍ ပြေးမည်
ကျွန်ုပ်ချီတက်
ကျွန်ုပ်ကို ကိုင်စွဲသော၊ ကိုယ်တော်ကို ဆုပ်ကိုင်
ကျွန်ုပ်လိုက်ပြေးမည်။
Verse 2
ဖြစ်ခဲ့ရာမေ့ချန်ထား
ရှေ့မှရာများ လှမ်းကမ်း
ဤအသိဖြင့် ချီတက်
သာ၍အားထုတ်
ကိုယ်တော်၌ ကြီးထွားဖို့
ခရစ်တော်ကို သိကျွမ်း
ကျွန်ုပ်ရှာဖွေအစဉ်
ကိုယ်တော်ရယူ။
chorus
အရှုံးမပေး
ခေါ်တော်မူခြင်း၏ပန်းတိုင်၊ အဆုံးထိတိုင်
ကျွန်ုပ်ဆက်၍ ပြေးမည်
ကျွန်ုပ်ချီတက်
ကျွန်ုပ်ကို ကိုင်စွဲသော၊ ကိုယ်တော်ကို ဆုပ်ကိုင်
ကျွန်ုပ်လိုက်ပြေးမည်။
Audio