Back to YP Songs

YP1LB65

နေ့စဉ်တိုး၍ ချစ်လာပြီ

21

Verse 1

သခင်ကို နေ့စဉ်တိုး၍ချစ်လာ

သခင်ကို ယနေ့ပင် ပိုချစ်လာ

ကိုယ်တော်မပါ သက်ရှင်မရပါ

ယခင်ပြုသည့်နည်းတူ ခုမပြု။

Verse 2

သခင်နှင့်မရှိခဲ့ နှစ်များစွာ

ကိုယ်တော်သည် ကျွန်ုပ်ကို ကယ်နုတ်ခဲ့

ထိုနှစ်များကို ပြန်လည်စဉ်းစားရာ

မျက်ရည်ပြည့်၊ စိတ်နှလုံးကြေကွဲခဲ့။

chorus

သခင်ကို နေ့စဉ် တိုး၍ချစ်လာ

သခင်ကို ယနေ့ပို၍ ချစ်လာ မိ ပြီ။

Verse 3

ကျွန်ုပ်တွင်း နက်နဲဆာငတ်ခဲ့ရာ

ကျေနပ်နှစ်သိမ့်ခြင်းကို အစဉ်ရှာ

များစွာသောအရာကို ရှာခဲ့လည်း

ကျေနပ်နှစ်သိမ့်မရှိ၊ ဆာငတ်ဆဲ။

Verse 4

အသစ်သောအရာ အဆုံးမဲ့ရှာ

အချိန်တိုင်း ကိုယ်တော်ကို ရှာခဲ့ရာ

အရာများစွာဖြင့် မျက်စိကန်းခဲ့

အသက်ရေ ကိုယ်တော်ကို သောက်သုံးပြီ။

chorus

သခင်ကို နေ့စဉ် တိုး၍ချစ်လာ

သခင်ကို ယနေ့ပို၍ ချစ်လာ မိ ပြီ။

Verse 5

သခင်သည် ကျွန်ုပ်တွင်းပိုင်း ဖြည့်ပေး

ကိုယ်တော်သာ ချိုမြိန်ကျေနပ်ခြင်းဖြစ်

ဝိညာဉ်တော်သာ ကျွန်ုပ်တွက် ခပ်သိမ်း

ဝိညာဉ်၌ ဝိညာဉ်တော် ပွက်ထပြီ။

Verse 6

ကျွန်ုပ်၌ ကိုယ်တော်ကိန်း ကျေးဇူးတင်

ကိုယ်တော်သည် ကျွန်ုပ်၌ ပျံ့နှံ့နေ

စိတ်နှလုံး၌ ကိုယ်တော်အိမ်ဆောက်ပါ

နေရာအနှံ့ ဖိုးထိုက်ဘဏ္ဍာဖြည့်။

chorus

သခင်ကို နေ့စဉ် တိုး၍ချစ်လာ

သခင်ကို ယနေ့ပို၍ ချစ်လာ မိ ပြီ။

Audio