အိုအလှမ်းမမီ နက်ရှိုင်းသော
သခင်ဘုရားကို ချီးမွမ်းခြင်း - မေတ္တာတော်
Verse 1
အိုအလှမ်းမမီ နက်ရှိုင်းသော
ကိုယ်တော်မေတ္တာ ကျွန်ုပ်ပေါ်
ကိုယ်စွမ်းဖြင့် တိုင်းတာလို့မရ
နက်ဆုံးပင်လယ်ထက်နက်နဲ
နာကျင်စွာဖြင့် အသေခံကာ
ကျွန်ုပ်၌ အသက်ဖြည့်ပေး
ကိုယ်တော်၌ ကျွန်ုပ်ကိုင်းဆက်ပြီ
ကိုယ်တော်အင်္ဂါတော်ဖြစ်ပြီ။
Verse 2
ကျွန်ုပ်တို့အပေါ် မေတ္တာတော်
အံ့ဖွယ်အားလုံး မည်သူသိ
ကြီးမားဆုံးသော အံ့ဖွယ်များဖြင့်
ကျွန်ုပ်တို့ကို ဆောင်ယူပြီ
ကျွန်ုပ်အဖို့ မေတ္တာတော်ပေး
ကိုယ်တော်သာမစရာဖြစ်
ဖြောင့်မှန်သက်တာဖြင့် ကြွယ်ဝရာ
ကျွန်ုပ်ဝမ်းမြောက်ဝေငှမည်။
Verse 3
ကိုယ်တော်၏ချစ်ခြင်းထင်ရှားခြင်း
ကိုယ်တော်မေတ္တာတော်ဖြစ်ရာ
သက်တာအဓိပ္ပါယ်ပြည့်စုံစေ
ဘုရားစီမံကိုက်ညီစေ
လုံလောက်သောကျေးဇူးတော်အသက်
နေ့စဉ်ကျွန်ုပ်၏ဝေစု
ကိုယ်တော်၏ချိုမြိန်ကြံစည်တော်
ကျွန်ုပ်အသုံးခံပါမည်။
Verse 4
မည်ရာသည် ကင်းကွာစေနိုင်နည်း
အဆုံးထိ ကိုယ်တော်ချစ်မူ
ကိုယ်တော်မေတ္တာလွန်ကြီးမားလှ
ကိုယ်တော်နှင့်ကျွန်ုပ်ပေါင်းစည်း
နှစ်ဦးဖြစ်သော်လည်း တစ်ဦးတည်း
ကိုယ်တော်ကျွန်ုပ်၊ ကျွန်ုပ်ကိုယ်တော်
ဤရာကျွန်ုပ်သက်သေခံချက်
မေတ္တာတော်၌ထာဝရ။
Hymn details
စာသား: Witness Lee
သံစဉ်: Thomas John Williams
Meter: 8.7.8.7.D.
Key: F Major
Time: 4/2
Audio