M85E132KC85MT85

ကောင်းကင်ဘုံ၌ ယေရှုထိုင်နေ

သခင်ဘုရားကို ချီးမွမ်းခြင်း - ချီးမြှောက်ခြင်း

21

Verse 1

ကောင်းကင်ဘုံ၌ ယေရှုထိုင်နေ

သခင်ခရစ်တော်စိုးစံ

ဘုရား၏ချီးမြှောက်ခံလူသား

ဘုရားဘုန်း သရဖူတင်။

Verse 2

လူ့ဇာတိကို ယူတင်ဝတ်ဆောင်

အလိုတော်အတိုင်း သေခံ

ခန္ဓာကိုယ်နှင့် ထမြောက်ခဲ့ပြီ

လူအဖြစ်ပင် တက်ကြွရှင်။

Verse 3

မြေပေါ်နေစဉ် နှိမ့်ချသက်ရှင်

ဘုရားအုပ်စိုးခြင်းခံရှာ

ကောင်းကင်နေရာ ချီးမြှင့်ခံ၍

ဘုရားနှင့်လူ သင့်မြတ်ပြီ။

Verse 4

ဘုရားနှင့်လူ ပေါင်းစပ်သက်ရှင်

လူထဲမှ ဘုရားဖော်ပြ

ဘုရားနှင့်လူ ပေါင်းစည်းခြင်းဖြင့်

လူသည် ဘုရား၌ဘုန်းထင်။

Verse 5

ဘုရားနှင့်လူ ပေါင်းစပ်သက်ရှင်

လူထဲမှ ဘုရားဖော်ပြ

ဘုရားနှင့်လူ ပေါင်းစည်းခြင်းဖြင့်

လူသည် ဘုရား၌ဘုန်းထင်။

Verse 6

ကောင်းကင်ဘုံ၌ ဘုန်းထင်ရှားပြီ

အသင်းတော်သည် သက်သေထူ

ယေရှုရှင်၏ဝိညာဉ်တော်ဖြင့်

သင်းဝင်သူများ တိုးပွားစေ။

Verse 7

ယခုလူသားကောင်းကင်၌ရှိ

သခင်ရှင်အဖြစ် စိုးစံ

ဤသူကား ယေရှုကယ်တင်ရှင်

ဘုရားဘုန်းသရဖူတင်။

Verse 8

ယခုကိုယ်တော်ဖြန့်ဖြူးပေးနေ

ကျွန်ုပ်တို့ဖို့ ရာခပ်သိမ်း

စေ့စပ်ထုံးဖွဲ့၊ ထုတ်လုပ်ပေးနေ

အောင်မြင်သူများဘုန်းထင်ရှား။

Hymn details

စာသား: Witness Lee

သံစဉ်: Geistliche Lieder

Meter: 8.7.8.7.

Key: G Major

Time: 9/8

Audio