ဟာလေလုယ၊ ရှင်ယေရှုသည်
သခင်ဘုရားကို ချီးမွမ်းခြင်း - ရှင်ပြန်ထမြောက်ခြင်း
21
Verse 1
ဟာလေလုယ၊ ရှင်ယေရှုသည်
ထမြောက်ပြီ ခုထက်မှာရှိ
သေခြင်းတန်ခိုးကို အောင်မူပြီ၊
ကောင်းကင်၊ မြေကြီးသားကြွေးကြော်
ထမြောက်ရှင်ပြီ၊ ထမြောက်ရှင်ပြီ
သက်ရှင်နေတစ်ဖန်မသေ။
Verse 2
ဟာလေလုယ၊ ထမြောက်မူပြီ
ဦးခေါင်းတော်ဖြစ် ချီးမြောက်ပြီ
သက်သေသန့်ရှင်းဝိညာဉ်တော်သွန်း
ငါတို့ရှေ့ဆောင်ယေရှုတည်း
ထမြောက်ရှင်ပြီ၊ ထမြောက်ရှင်ပြီ၊
ကိုယ်တော်ကြောင့် ဖြောင့်မတ်ရာရောက်။
Verse 3
ဟာလေလုယ၊ ထမြောက်ရှင်ပြီ၊
သေခြင်းသည် တန်ခိုးကုန်ပြီ
ယေရှုရှင်ထမြောက်ခြင်းဖြစ်၏
ကိုယ်တော်ပိုင်သူ ရှင်စေမည်
ထမြောက်ရှင်ပြီ၊ ထမြောက်ရှင်ပြီ၊
ကြွလာဦးမည် ရှင်ဘုရင်။
Hymn details
စာသား: Philip Paul Bliss
သံစဉ်: Philip Paul Bliss
Meter: 8.7.8.7.8.7.
Key: F Major
Time: 3/4
Audio