သခင် လမ်းကို ပြပြီ
ဝိညာဉ်ရေးရာစစ်ပွဲ-မြေကို ရယူခြင်း
Verse 1
သခင် လမ်းကို ပြပြီ
ယနေ့ အသင်းတော်၌
ခရစ်တော်၌ လုပ်ဆောင်ခြင်း၊ လုပ်ဆောင်ခြင်းဖြစ်၏
ခရစ်တော် ခါနန်မြေ
ရဲရင့်စွာဖြင့် ရပ်တည်
ခရစ်တော်၌ လုပ်ဆောင်မည်၊ လုပ်ဆောင်ခြင်းဖြင့်လေ။
chorus
အောင်မြင်ရန် ချီတက်၊ အောင်မြင်ရန် ချီတက်
တပ်မှူးကြီးကြွေးကြော်သံ - တက်
အမိန့်တော်တိုင်း ချီတက်
မြေကို သိမ်းပိုက်ယူရန်
ခရစ်တော်၌ လုပ်ဆောင်ခြင်း၊ လုပ်ဆောင်ခြင်းဖြင့်လေ။
Verse 2
ဘုရား၏ကြံစည် လမ်း
မြေ၌ လုပ်ဆောင်စေရန်
''နှုတ်တော်အတိုင်း သခင်၊ အာမင်၊ သခင်၊ အာမင်''။
ယနေ့ ကိုယ်တော့်စကား
မိန့်တော်မူရာ အားလုံး
''နှုတ်တော်အတိုင်း သခင်၊ အာမင်၊ သခင်၊ အာမင်''။
chorus
အောင်မြင်ရန် ချီတက်၊ အောင်မြင်ရန် ချီတက်
တပ်မှူးကြီးကြွေးကြော်သံ - တက်
အမိန့်တော်တိုင်း ချီတက်
မြေကို သိမ်းပိုက်ယူရန်
''နှုတ်တော်အတိုင်း သခင်၊ အာမင်၊ သခင်၊ အာမင်''။
Verse 3
သခင်သည် ပြမူပြီ
ကျွန်ုပ်တို့ ပိုင်ရာမြေ
အသင်းတော်၏နောက်သို့ လိုက်ခြင်းအားဖြင့် ရရှိလေ။
ခန္ဓာတော်သွားလေရာ
ဝိညာဉ်တော် စီးဆင်းလာ
အသင်းတော်၏နောက်သို့ လိုက်ခြင်းအားဖြင့် ရရှိလေ။
chorus
အောင်မြင်ရန် ချီတက်၊ အောင်မြင်ရန် ချီတက်
တပ်မှူးကြီးကြွေး - တက်
အမိန့်တော်တိုင်း ချီတက်
မြေကို သိမ်းပိုက်ယူရန်
အသင်းတော်၏နောက်သို့ လိုက်ခြင်းအားဖြင့် ရရှိလေ။
Hymn details
Key: D Major
Audio