M687E1278KC687MT687

ယေရှု၏သင်းတော်၌ သင့်ဖို့ ချစ်ခြင်းရှိ

အသင်းတော်-အထွေထွေ

21

Verse 1

ယေရှု၏သင်းတော်၌ သင့်ဖို့ ချစ်ခြင်းရှိ

ဖြူစင်၊ နူးညံ့ မေတ္တာ၊ နက်ရှိုင်း၊ မှန်ကန်လေ

ဘယ့်ကြောင့် တစ်ဦးတည်းဖြင့် မိတ်ဆွေကို တောင့်တ

ယေရှု၏သင်းတော်၌ သင့်ဖို့ မစမည်။

Verse 2

ယေရှု၏သင်းတော်၌ သင့်ဖို့ အသက်ရှိ

နွေနေကဲ့သို့ နွေးထွေး၊ နံနက်နှင်းသို့ ချို

ဘယ့်ကြောင့် သင်သည် ကြောက်၍၊ စိုးရိမ် စဉ်းစားနေ

ယေရှု၏သင်းတော်သည် ဂရုစိုက်ပေးမည်။

Verse 3

ယေရှု၏သင်းတော်၌ သင့်ဖို့ အလုပ်ရှိ

ကောင်းကင်တမန်များပင် လုပ်ရန် ဝမ်းမြောက်လေ

ဘယ့်ကြောင့် ကြီးမြတ်အလုပ်တွက် ရပ်နေမည်နည်း

ယေရှု၏သင်းတော် သင့်ရိတ်သိမ်းလက် လိုအပ်။

Verse 4

ယေရှု၏သင်းတော်၌ သင့်ဖို့ နေရာရှိ

ဘုန်ကြီး၊ တောက်ပ၊ ဝမ်းမြောက်၊ မှန်ကန်၊ ငြိမ်သက်လေ

ဘယ့်ကြောင့် အားနည်းခြေလှမ်းဖြင့် လှည့်လည်မည်နည်း

ယေရှု၏သင်းတော်၌ သင့်ကို နေရာပေး။

Hymn details

Key: C Major

Audio